Part-3

194 21 2
                                    

"Hello"
"Lee InnHo!!!"
"ငါ့တူလေး korea ကိုပြန်လာ ပြီသူ့ကိုသေချာစောင့်ကြည့်ထား
ပေးပါ..."
"InnHo ဒီလိုလုပ်မှဖြစ်မှာလား"
"ဆုံးရှုံးမှုကအရမ်းကြီးမားလို့ တားမရဘူး...သူ့ကိုစောင့်ကြည့်ပေးထားပါ...ငါလည်းပြန်လာမှာမလို့ အကူညီတောင်းပါတယ် သူငယ်ချင်း"
"အင်း...ငါကူညီပါ့မယ်"
တီ———ကျသွားသည့်ဖုန်းသံနောက် အတွေးတို့က ပုံရိပ်တခုဆီ ကြာနေပေမဲ့ ပြတ်သားစွာရှင်းလင်းနေဆဲ
"ကျွန်တော် ဒီအမှု့ကိုလိုက်မှဖြစ်မှာ"
"ခုအမှုကဘယ်လောက် အန္တရာယ်များလည်း မင်းအသိဆုံး
မထိသင့်တဲ့သူကိုသွားမထိပါနဲ့  မင်းလက်ရှောင်နေသင့်တယ်"
"ဒါမဖြစ်သင့်ဘူး....."
"မင်းအတွက်ပါ သူတို့ကိုဝင်ရှုပ်ရင်
လူသတ်ဖို့တောင်ဝန်မလေးဘူး မင်းမှာတွယ်တာစရာတွေနဲ့ ငါ့အမနဲ့ ငါ့တူအတွက် မင်းဘေးဖယ်နေပါ" အတွေးစတို့အား ဖြတ်ကာ လက်ရှိချိန်ပြန်ရောက်လာချိန်
"အတန်တန်သတိပေးထားရက်နဲ့ကွာ" တီးတိုးရေရွတ်ရင်း မျက်ရည်ကျမိသည်။
----------------------------
J Group Company Meeting ခန်းထဲတွင် လေထုသည် အေးစက်လျက် အကြောင်းမှာ သူတို့၏ အသစ်စက်စက် CEO ဆိုသူကြောင့်ပင်
တခြားသူတွေလို ကူညီတောင်းပါတယ် ကြိုးကြိုးစားစားလုပ်ကြပါလို့ပြောမည့်အစား
"ဒီလထဲ  ငွေစာရင်းအရမ်းကွာဟနေတယ်နော်"   ဒေါသသံမပါသည့် အေးစက်စက်အသံသည် လေထုတွင်းပျံနှံ့လျက် ပြီးနောက်ထပ်မံ၍
"ကိုယ့်အပြစ်ကို ကိုယ်တိုင်ဝန်ခံမလား ကျတော်ပဲဖော်ရမလား"   လေထုသည်ပိုမို အေးစက်လာကာ ရှယ်ယာရှင်များလည်း ခေါင်းသာငုံထား ကြသည်။
"တစ်ပတ်" ထိုစကားကြားသည်နှင့် အကုန်လုံးခေါင်မော့ကာ CEO ဆိုသူအားကြည့်လျက်
"တပတ်အချိန်ရမယ် စာရင်းအမှန်တိုင်းလိုချင်တယ်" စကားဆုံးသည်နှင့် ကိုယ်စီသက်ပြင်းသာချလိုက်သည်။ သို့သော် နောက်ဆက်တွဲစကားကြောင့် အကုန်ကြောင်အသွားရသည်။
"တာဝန်ရှိသူ ထွက်စာတင်ရမယ် ရှယ်ယာလည်းပြန်မရဘူး" ပြောပြီးသည်နှင့် Meetingခန်းထဲကထွက်သွားသည့် CEOဆိုသည့်သူအား မကျေနပ်သံများထွက်ပေါ်လာသည်။
-------------------
*ဦးလေးကတော့ ကျတော့ကိုမပျင်းရအောင် လုပ်ပေးနေတာပဲ* Company က တော်တော်ပျက်စီးနေတာပဲ။ Ommaတည်ထောင်ထားတဲ့ companyကို ကျတော်ပြန်ပြင်ပေးရမှာပေါ့။

Between Hate & LoveWhere stories live. Discover now