တီ...တီ...တီ...
မနက်၈ခွဲပြီဖြစ်သော်လည်း ခုထိတအင်းအင်းဖြင့် ငြီးကာအိပ်ရာပေါ်မှမထသေးသော တစ်မိုးအောက်တစ်ယောက် Jung Hoseokပင်
ထိုအချိန်ဖုန်းဝင်လာရာ contant nameတောင်မကြည့်မိဖုန်းဖြေနေသူရယ်ပါ။
"ဟဲလို" အသံကြားတာနဲ့သိလိုက်ပြီ ဒီကလေးမထသေးဘူးပဲ
"ဟို လေး အိပ်တုန်းလား"
"ဘယ်သူလဲ"
"အော် ငါ့သားရယ် မင်းအဖေကွ အိပ်ချင်မူးတူးနဲ့"
"ဟုတ် appa ဘာကိစ္စလဲဟင်"
"ဒီကလေးကတော့ သားသူငယ်ချင်းကို သွားကြိုမယ်ဆို"
ထိုအခါမှ မျက်လုံးပြူးလာကာနာရီကောက်ကြည့်မိလေရာ
!!၈ခွဲ!!!
"သွားပြီ ငါတော့သေပြီ"
"Appa ဒါပဲနော် ချစ်တယ် မွ"
တီ-----
ပြတ်ကျသွားသောဖုန်းသံနောက်တွင် Mr. Jung Han Wooသည် ခေါင်းတခါခါနှင့်ပင်ပြုံးနိုင်တော့သည်။
"ဒီသားလေး နဲ့ကတော့လေ" ထိုစကားသာရေရွတ်ရင်း company ရှိရာသို့......
တဖက်တွင်လည်း "နောက်ကျမှာဆိုးလို့ ၃ခါတောင် alarmပေးထားတာကို ဘာလို့မမြည်တာလဲ" တယောက်ထဲရေရွတ်ရင်း ရေချိုးခန်းဆီသို့ဦးတည်လေသည်။
--------------------------------------
ဝရုန်းသုန်းကားဖြင့် လေဆိပ်ထဲပြေးလွှားနေသည့်ကိုယ်ငယ်လေး
"ဟောဟဲ ဟောဟဲ......မောလိုက်တာ ဟိုကောင်ဘယ်ရောက်နေလဲ"
"Hey bro" လူကြားထဲသူ့အား လက်လှမ်းပြနေသော ငယ်သူငယ်ချင်းလေး Park Jimin အနားသို့တဖြည်းဖြည်းကပ်သွားပြီးနောက်
" မင်းကလည်းပြန်လာနေသေးတယ်
ဟိုမှာပဲနေရင်ပြီးရောကို ဘာလာလုပ်တာလဲ"
"ဖြောင်း" ဇက်ပို့မှနာကျင်မှုနှင့်အတူ ခပ်ကျယ်ကျယ်အသံထွက်ပေါ်လာသည်။
"အားးးဘာလို့ရိုက်တာလဲ"
"ဟမ် နည်းသေးတယ် ကိုယ့်သူငယ်ချင်းလေး ခုမှပြန်လာတာကို
အဲ့လိုပြောရလား"
"ဟီးဟီး အေးပါကွာ"
"မင်းကဘာလို့နောက်ကျနေတာလဲ ငါတောင်အိမ်မပြန်ရတော့ဘူးထင်နေတာ" အမြင်ကပ်ကပ်ဖြင့်ရွဲ့ကာပြောတော့ မျက်နှာချိုသွေးကာ
"ငါအစောလာတာ လမ်းမှာကားပိတ်နေလို့ နောက်ကျနေတာ"
မဟုတ်မှန်း သိသော်ငြား Jiminဘာမှပြန်မပြောတော့ပါ ဒီကောင်နဲ့အငြင်းပွားနေရင် လေဆိပ်ကနေ အိမ်ရောက်ဖို့လမ်းမမြင်ပေ။
"Jimin တခုခုသွားစားရအောင် မင်းဘာမှမစားရသေးဘူးမလား ငါလည်း ငါ့သူငယ်ချင်းလေးနဲ့တူတူစားရအောင် ဘာမှစားမလာခဲ့ဘူး"
အိပ်ယာထနောက်ကျလို့ မစားရတာကိုတော့မပြောတော့ပါ နောက်တခါ ထပ်ရိုက်နေမှဖြင့်
"အေး သွားကြတာပေါ့"
Jimin တယောက် hobiခေါ်ဆောင်ရာသို့လိုက်ပါသွားလေသည်။
ထိုအချိန်တွင်ပင် လေဆိပ်ဆင်းလာသူတစ်ဦး
"ဟျောင်း...ကျတော်နောက်ကျသွားတယ် ကားပိတ်နေလို့"
ထိုသူသည် သူ့ရှေ့ကပြောနေသည့်စကားများကိုပင်အာရုံမရောက် သူနှင့်မလှမ်းမကမ်း၌
ခပ်စွာစွာစကားပြောနေသည့် ကောင်လေးဆီသာအကြည့်ရောက်မိသည်။
"ဟျောင်း....ဟျောင်း..."
"အင်း...အင်း..."
"ဘာတွေကြည့်နေတာလဲဗျ ငါ့အကိုတောင်ငေးတတ်နေပြီပဲ" ထိုသို့ပြောကာ ပြုံးစိစိလုပ်နေသည့် သူ၏ညီဝမ်းကွဲ ဂျောင်ဂုကြောင့် ခေါင်းသာခါ၍ လေဆိပ်မှထွက်ခွာလာခဲ့သည်။မရောက်တာကြာပြီဖြစ်သည့် ဆိုးလ်မြို့အလှကိုခံစားကာ
*သားမွေးရပ်မြေကိုပြန်ရောက်ပြီ...appa omma အရမ်းသတိရတယ်*
-------------------------------------
J Companyထဲတွင် ဝန်ထမ်းများလှုပ်လှုပ်ရှားရှားဖြစ်နေသည်။
ဝန်ထမ်း၁- ဟက် CEO အသစ်လာမယ်ဆို
ဝန်ထမ်း၂- အေး... ငါလည်းကြားတယ် ခုလဲ
အတွင်းရေးမှူးဂျွန်က လေဆိပ်သွားကြိုတယ်လေ
ဝန်ထမ်း၃-ငါကြားတာတော့ CEOအသစ်က အရမ်းခန့်တယ်တဲ့
Company ထဲ၌တီးတိုးစကားပြောသံများသည် တစ်စတစ်စပိုတိုး၍လာတော့သည်။#Cora
YOU ARE READING
Between Hate & Love
Romance"ငါ့မှာဆုံးရှုံးစရာ မရှိဘူးလို့မှတ်ယူထားတာ ငါ့ဘဝထဲ မင်းမဝင်လာခင်ကပေါ့" Kim Namjoon "ငါ့ကိုထားမသွားဘူးလို့ ကတိပေးနိုင်မလား joon....." Jung Hoseok