ဆိုးလ်မြို့၏ ကလပ်တနေရာတွင်
တကိုယ်လုံး All black ဝတ်ဆင်ကာ တစုံတခုကိုရှာဖွေနေသောသူ မကြာမီတွေ့ပါပြီ
အရက်ဘားတွင်ထိုင်ကာ ဝီစကီအား
ဇိမ်ပြေနပြေထိုင်သောက်နေသောသူကြောင့်
ပါးချိုင့်များနစ်ဝင်သည်ထိပြုံးလိုက်ပြီး
ဖြေးဖြေးမှန်မှန်လျှောက်ကာ ထိုသူ၏ဘေးတွင်ထိုင်ကာ သောက်စရာမှာလိုက်သည်။
"Hi"
ထင်သည့်အတိုင်းပင် ကိုယ့်အားစကားပြောလာသူကြောင့် နှုတ်ခမ်းများတွန့်ချိုးလိုက်သည်။
"တယောက်ထဲလား ဒို့နာမည်က နာယွန်းပါ အဖော်မရှိရင် တူတူသောက်မလား"
လိုအပ်သည်ထက်ပင် မြောင်းဖောက်ပေးသူကြောင့် Namjoon စကားတောင်စ,စရာမလို
အရမ်းလွယ်လွန်းနေတော့လည်းပျင်းဖို့ကောင်းသားပဲ
"ကိုယ့်နာမည် RM ပါ"
"RM....." နာယွန်းစဥ်းစားသလိုလုပ်ပြီးခါမှ
"ဒီနာမည်ကို မကြားဖူးဘူး ရှင်က အသစ်လေးလား"
နှုတ်ခမ်းများကို ထပ်မံတွန့်ချိုးလိုက်ပြီးနောက်
"အင်း.....ကိုယ်က ခုမှပြောင်းလာတာမို့ပါ ခင်မင်မှုအနေနဲ့ ဒီနေ့ကိုယ်တိုက်ပါ့မယ် Ok"
လက်ညိုးနဲ့လက်မကိုဝိုင်းပြကာ ပြောလာသူကြောင့် ထပ်မံပြုံးမိပြန်သည်။
"OK"အချိန်အတော်ကြာသည်ထိသောက်ပြီးနောက်
"နာယွန်းက ဒီရောက်တာကြာပြီဆိုတော့ အကြောင်းတော်တော်များများသိမှာပေါ့"
"ရှင်က ဘယ်အကြောင်းသိချင်လဲ"
ရီဝေဝေမျက်လုံးများအား Namjoonစိုက်ကြည့်လိုက်ကာ
"နာယွန်းအကြောင်း"
"ကျမအကြောင်း"
"အင်း ကိုယ်သိသလောက်တော့ နာယွန်းက Sunshine Company က ဥက္ကဋ္ဌကြီးနဲ့တွဲနေတာမလား"
"Jung Han Woo လား နားစမ်းပါ အဲ့ဘဲကြီးအကြောင်းမပြောချင်ဘူး"
နာမည်တောင်တပ်ခေါ်ရဲတဲ့ပတ်သက်မှုမျိုးကို Namjoonပိုသိချင်လေပြီ။
"ဘာလို့လဲ နာယွန်း"
အရက်အားထပ်ငှဲ့ပေးကာ မေးတော့
တချိုင့်တည်းမော့သောက်ပြီး
"ဒီရက်ပိုင်း ဆက်ဆံရေးသိပ်မကောင်းဘူး
ကုန်ပစ္စည်း
တွေနဲ့အလုပ်ရှုပ်နေပုံပဲ"
"ကုန်ပစ္စည်း..."
"အင်း....သေချာမသိပေမဲ့ ဒီလထဲ ပစ္စည်းသွင်းဖို့ရှိတယ်ဆိုပဲ" အမူးသမားသည်စကားနှိုက်ရတာအလွန်လွယ်ဆိုသည့်စကားအတိုင်း Namjoonသိချင်တာများအားတခုပြီးတခုမေးနေလေသည်။
"ဟွန့်...အဖိုးကြီးက အလုပ်သာရှုပ်တာ သူ့သားကိုတော့ အချိန်ပေးပြီးသားပဲ"
"သား"Namjoonတီးတိုးပြောလိုက်သည်ကို နာယွန်းကြားသွားသည်ထင်
"အင်း သားရှိတယ် သဲသဲလှုပ်ချစ်တာလေ သူ့သားကိုတော့ တစက်မှထိမခံဘူး"
" ဥကဋ္ဌကြီးမှာသားရှိတယ်လို့ ကိုယ်မကြားမိပါဘူး"
"ဟားဟား ဘယ်သူမှမသိကြပါဘူး ကျမတောင် တခါလေးပဲမြင်ဖူးတာ"
စကားအဆုံးတွင် Namjoon တခုခုကိုစဥ်းစားလိုက်ပြီး အရက်ခွက်အားမော့ချလိုက်သည်။
ဘေးကိုကြည့်မိတော့ နာယွန်းက မှောက်နေပြီ။
ကိုယ်လည်း Ph call တစ်ခုကိုခေါ်လိုက်ကာ"Jung Han Woo မှာသားရှိမရှိငါသိချင်တယ်"
ဟက်~~Jung Han Woo ခင်များအကြောင်း
နှစ်တွေကြာကြီးစုံးစမ်းတာတောင် အကုန်မသိရသေးပါလား တော်တော်လျို့ဝှက်တာပဲ
..............................
"ဟျောင်း...ဟျောင်းပြောတာမှန်တယ် Sunshine companyဆီ ပစ္စည်းဝင်ဖို့ရှိတယ်"
"ဘယ်တော့လဲ"
"ရက်အတိကျမသိသေးပေမဲ့ ဒီရက်ပိုင်းပဲဖြစ်လောက်တယ်"
"သေချာစုံးစမ်းထားပါ တရားမဝင်ပစ္စည်းပဲဖြစ်လောက်မယ်"
ထိုချိန်..Ring...Ring....
ဂျောင်ဂုဖုန်းကိုင်လိုက်ပြီးနောက်
"ဟျောင်း ဝင်မယ့်ပစည်းက ဆွစ်ဇာလန်က
ပြောပုံအရကတော့ weedsတွေ"
"ထင်တဲ့အတိုင်းပါပဲလား ငါတို့လှုပ်ရှားကြရတော့မယ်"
..................................
ပိတ်ရက်မှာ Appaအိမ်ပြန်လာဖို့ပြောပြီးနောက်
ဝယ်စရာရှိတာများဝယ်ပြီး အိမ်ပြန်လာခဲ့သည်။
ကားဟွန်းသံကြောင့် ခြံစောင့်ဦးလေးကြီး တံခါးလာဖွင့်ပေးသည်။ ပွင့်သွားသောတံခါးကိုကျော်လွန်၍ အိမ်အောက်ကားရပ်ပြီးသည်ထိ Appaက လာမကြိုသေး အရင်ဆိုအိမ်ပြန်လာတိုင်း Appa က ထွက်ကြိုသည်။ ခြံစောင့်ဦးလေးကြီးကိုမေးကြည့်ရာ မီးဖိုခန်းထဲ ဟင်းချက်နေသည်ဆိုသောကြောင့် ပြုံးမိသွားသည်။
"Appa" အိမ်ထဲဝင်ဝင်ချင်း မီးဖိုခန်းထဲဝင်ကာ ချွဲလိုက်သည်။
"ဟော် သားလေးတောင်ပြန်လာပြီလား Appa အလုပ်ရှုပ်နေတာနဲ့ အသံတောင်မကြားလိုက်ဘူး"
"Appaကလည်းဘာတွေချက်နေတာလဲ ပင်ပန်းအောင်လို့"
"ငါ့သားလေးကို စားစေချင်လို့ပါ Agiooo
ကြည့်ပါဦး ပိန်သွားလိုက်တာအဲ့တာတွေကြောင့်မို့ Appaဆီမှာပဲ လာနေပါဆို"
Hoseokစကားလမ်းကြောင်းလွှဲကာ
"Appa သားဗိုက်ဆာပြီ"
"Appaပြင်ပေးမယ် စောင့်နေနော်"
Appaလာနေစေချင်မှန်းသိပေမဲ့ Hoseokကိုယ့်ဘဝကိုယ်ရပ်တည်နိုင်အောင်ကြိုးစားကြည့်ချင်သည်။Ommaမရှိတော့ Appaဆီမှီခိုနေပေမဲ့ Appaပါမရှိတော့ရင် ကျတော် ရပ်တည်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့်ကျတော့်ကို ယုံကြည်ပြီးအားပေးပေးပါ။
"သား ဘာတွေတွေးနေတာလဲ"
"ဘာမှဟုတ်ပါဘူး ဟင်းတွေကမွှေးနေတာပဲ ဗိုက်အရမ်းဆာလာပြီ" ပြောရင်းပင် ဟင်းဖတ်တခုအားစားကြည့်ပြီးနောက်
"Woww Appaလက်ရာအကောင်းဆုံးပဲ" ပါးချိုင့်သေးသေးလေးများပေါ်သည်ထိ ပြုံးရင်းပြောလာသူလေးကြောင့် လိုက်ပြုံးမိပြန်သည်။
"သား Ommaကလည်း Appaဟင်းချက်ကျွေးရင်အရမ်းသဘောကျတာ"
ကျတော့်စကားအားပြုံးရင်းနားထောင်နေတဲ့သားလေးကိုကြည့်ပြီး
"သားမှာ သားအမေရဲ့အပြုံးတွေရှိတယ်"
"Appa..." သားငယ်အသံသည်ငိုသံနည်းနည်းရောနေသောကြောင့်
"ဟားဟား ကဲပါ appaတို့ စားရအောင် ဟင်းတွေအေးကုန်ပြီ"
...............................
သားငယ်နဲ့အတူအချိန်ကုန်ဆုံးပြီး ညနေဘက်တွင်ဖုန်းဝင်လာသည်။ အရေးကြီးဖုန်းဖြစ်၍ကိုင်လိုက်ရာ
"ဘာ.......အကုန်မိသွားတယ် မင်းတို့တွေ တော်တော်စောက်သုံးမကျတာပဲ"
"...."
"ခုချက်ချင်း ငါ့ဆီလာခဲ့"
တီ---------
"Appa ဘာဖြစ်လို့လဲဟင်" Jung Han Woo သည်တတ်နိုင်သမျှ စိတ်လျော့ကာ
"Appa Companမှာ ကိစ္စလေးရှိသွားလို့ပါ
ကဲ.....သားလေးလဲ ပြန်တော့မှာမလား"
"ဟုတ် အဲ့ဆိုကျတော် သွားပြီနော်" ကားနက်လေးသည် ခြံထဲမှထွက်ခွာသွားသည့်တိုင်
Jung Han Woo လိုက်ကြည့်ပြီးနောက်
မျက်နှာသည် တခြားသူအသွင်ကူးပြောင်းသွားလေသည်။
..............................
"တောက်စ်"
"တောင်းပန်ပါတယ် သူဌေး"
"ဒီကိစ္စဘယ်လိုဖြစ်ရတာလဲ ဘယ်သူလုပ်တာလဲ"
Jung Han Wooသည် အချိန်ကိုက်ပေါက်ကွဲမည့်ဗုံးတလုံးလိုပင် ဒေါသထွက်ကာ အော်ဟစ်နေသည်။
"ကျတော်တို့ စုံစမ်းနေပါတယ် သူဌေး"
"စုံစမ်းမယ် ခုငါဆုံးရှုံးသွားတာ မင်းတို့အသက်ထက်တန်ဖိုးကြီးတဲ့ဟာတွေ"
"........."
"လုပ်သွားတဲ့ကောင်ကိုငါသိချင်တယ် အတွင်းရေးမှူးဆုန်း ဒီကိစ္စ
ကို မင်းတာဝန်ယူဖြေရှင်းပါ ဒီ ကိစ္စနဲ့ Sunshineကိုလုံးဝမပတ်သက်စေနဲ့"
"ဟုတ်ကဲ့ပါ သူဌေး"
"တောက်စ် မိလို့ကတော့ကွာ" Jung Han Wooသည် လက်သီးဆုပ်ကာ အံကြိတ်လျက်ကြုံးဝါးလိုက်သည်။
.......................................
"ဟျောင်း...ချီးယားစ်"
ဝိုင်ခွက်အားမြှောက်လိုက်ပြီးနောက် အောင်နိုင်သူအပြုံးဖြင့် ဝိုင်အားအရသာခံကာသောက်လိုက်သည်။
ကိစတွေကစီစဥ်ထားတဲ့အတိုင်းဖြစ်သွားတာမလား။ခုချိန်ဆိုခေါင်းပူနေလောက်ပြီပဲ။
ဟားဟား...နောက်ထပ်အင့်အားသင့်စရာတွေများကြီးထပ်ပေးအုံးမှာပါ Mr. Jung. ရုတ်တရက်အတွေးတခုဝင်လာကာ
"ဂျောင်ဂု ဟျောင်းအပြင်သွားအုံးမယ်"
အချိန်အားဖြင့် နေရီတရောအချိန် အနက်ရောင်ကားလေးသည် ဖြောင့်တန်းနေသောလမ်းသွယ်တွင်တရွေ့ရွေ့ ဦးတည်ရာက သူ၏ရင်ခုန်သံဆီ
"HOFE Cafe"
ဆိုင်ရှေ့ကဆိုင်းဘုတ်လေးအားကြည့်ကာ နှစ်သက်စွာပြုံး၍
"တကယ်ကိုမျှော်လင့်ချက်လေးပဲ"
ကလင်...
တံခါးတွန်းဖွင့်လိုက်သည်နှင့် မြည်လာသောဘဲလ်သံလေးနောက် ဆိုင်တခုလုံးအားမျက်စိကစားနေမိသည်။
"အကို ဘာသုံးဆောင်ပါမလဲ"
"Cappuccino တခွက်ပေးပါ"
"ဟုတ်ကဲ့ ခနလေးစောင့်ပေးပါနော်" စားပွဲထိုးလေးအား ခေါင်းငြိမ့်ပြကာ ဆိုင်ထဲဝေ့ကြည့်မိပြန်သည်။
*အပြင်များသွားတာလား*
"ရပါပြီခင်ဗျ"
Coffeeခွက်အား စားပွဲပေါ်တင်ပြီးသွားသော်လည်း ထိုစားပွဲထိုးလေးမှာထွက်မသွားသေး နောက်ဆက်တွဲစကားကြောင့်ကိုယ့်မှာ
နေမထိထိုင်မသာဖြစ်ရပြန်သည်။
"အကိုHoseokက အိမ်ပြန်သွားတယ်ခင်ဗျ"
Namjoonနားမလည်သလိုအကြည့်တချက်
ကြည့်ပေးလိုက်တော့ စကားအထစ်ထစ်ဖြင့်ပြောလာသည်က
"ဟို..ဟို အကိုHoseokကိုရှာနေတယ်ထင်လို့ပါ အဲ့...အဲ့တာကြောင့်.."
"ရပြီ"
အေးစက်တိုတောင်းလှသည့်လေသံကြောင့် ကောင်လေးမှာခေါင်းငုံ့ ကာ ထွက်သွားလေသည်။ ပုံမှန်အတိုင်းပြောလိုက်ပေမဲ့ စိတ်မကောင်းဖြစ်စွာထွက်သွားသည့်သူကိုကြည့်ကာ
သက်ပြင်းချခေါင်းခါလိုက်သည်။ လူတွေကတော်တော်ခံစားလွယ်တာပဲ တခုခုဆိုအရမ်းခံစားပစ်တယ် ဒါတွေကKim Namjoonမကြိုက်တဲ့အချက်တွေပင်။အတွေးဖြင့် coffee
ပူပူလေးအားသောက်ကာအရသာခံလိုက်သည်။
"ခါးလိုက်တာ အရသာပြောင်းသွားတာလား"
စိတ်မကျေနပ်စွာပြောပြီးနောက် ပိုက်ဆံရှင်းကာဆိုင်လေးမှထွက်လာခဲ့သည်။ စားပေါ်ပွဲတွင်တော့ ပိုင်ရှင်မဲ့ကော်ဖီပူပူလေးက အ ဖော်မဲ့စွာကျန်ရှိနေခဲ့သည်။
............................#Cora
Upပေးလိုက်ပါပြီ
နောက်ကျသွားလို့တောင်းပန်ပါတယ်နော်😘
သဘောကျရင်vote,commentsလေးတွေပေးခ့ဲပါ♥
YOU ARE READING
Between Hate & Love
Romance"ငါ့မှာဆုံးရှုံးစရာ မရှိဘူးလို့မှတ်ယူထားတာ ငါ့ဘဝထဲ မင်းမဝင်လာခင်ကပေါ့" Kim Namjoon "ငါ့ကိုထားမသွားဘူးလို့ ကတိပေးနိုင်မလား joon....." Jung Hoseok