"အား..ရင်ခုန်လိုက်တာ လူကြီးကငါ့ကိုတွေ့ဖို့ပြောတယ်..ဟီးဟီး"
ကောင်တာမှာထိုင်ကာမနေ့ကအဖြစ်ပျက်များအားပြန်တွေးကာ တဟီးဟီးဖြင့်ရီလိုက် နှုတ်ခမ်းကိုက်လိုက် ပြုံးလိုက်အလုပ်ရှုပ်နေသည့်သူ့ကိုကော်ဖီဆိုင်ထဲမှလူများကကွက်ကြည့်ကွက်ကြည့်ဖြင့်။ သူဒါတွေဂရုမစိုက်အားသေးပါ
ဒီနေ့လူကြီးနဲ့တွေ့ရမှာမို့ပိုစိတ်လှုပ်ရှားနေမိသည်။ခေါင်းလောင်းသံကြားတာနဲ့တံခါးကိုလှည့်ကြည့်ရတာလဲအမော
တစ်ခါ..နှစ်ခါ..သုံးခါ...သူစောင့်နေသောလူမှာအရိပ်ပင်ပေါ်မလာတဲ့အခါ Jung Hoseok ခေါင်းငိုက်စိုက် လက်လျော့လိုက်ပြီ။ အဲ့အချိန်တွင်
"ကောင်လေး.." ဝမ်းပန်းတသာမော့ကြည့်လိုက်တော့
"ချွဲမင်ဆော့..." စောင့်မျှော်နေရတဲ့သူမဟုတ်သည့်အပြင် ကြည့်မရတဲ့သူမျက်စိရှေ့ရောက်လာတဲ့အခါ မျက်ခုံးတန်းတို့ကသိသိသာသာတွန့်ချိုးသွားသည်။
"ကိုယ်လာတာမပျော်ဘူးလားBaebe"
မျက်ဝန်းအိမ်မှ မျက်စောင်းလှလှလေးကချွဲမင်ဆော့ဆီဒိုင်းခနဲ။ ဒီလောက်ဆိုရပြီ ငါမင်းကိုအပိုင်လိုချင်တာဒီလောက်ဆိုပြည့်စုံပြီ။
"ကိုယ် နဲ့ အပြင်သွားကြမယ်လေ"
"Hoseokက ကျွန်တော်နဲ့ချိန်းထားတာ...သွားရအောင်ကလေး.." ကောင်တာထဲမှမိမိအားလက်ဆွဲခေါ်ကာဆိုင်ထဲမှထွက်လာခဲ့သည်။ တင်းကြပ်စွာဆုပ်ကိုင်ထားသောကြောင့်လက်ကနာကျင်လာရသည်။သို့သော်မရုန်းရဲ။မရုန်းရဲတာဆိုပေမဲ့မရုန်းတာဆိုပိုမှန်လိမ့်မည်။ တဆက်တည်းပင်*သူက ငါ့ကိုကလေးလို့ခေါ်လိုက်တာလား*
ကျေနပ်ပြုံးကြီးပြုံးနေစဥ်ရုတ်တရက် ရပ်လိုက်သည့်သူကြောင့်မော့ကြည့်ရာ စူးစိုက်ကြည့်နေသောမျက်လုံးတစုံနဲ့ကြုံရသည်။
"မင်းကပြုံးနိုင်သေးတာလား"
"ဟမ်.."
မျက်လုံးအဝိုင်းသားဖြင့်မေးခွန်းထုတ်မိတော့
ဘာမှပြန်မပြောဘဲကားတံခါးဖွင့်ပေးရာ
"တက်..သွားစရာရှိတယ်"
"ဟုတ်.."
ခါးပတ်ပတ်မည်အလုပ်ရုတ်တရက်ရှေ့ရောက်လာသောသူကြောင့်အသက်ရှုအောင့်ထားမိပြန်သည်။
"ဟို..ကျွန်တော့်ဘာသာ.."
"ငြိမ်ငြိမ်နေ"
တချက်ပြောလိုက်သည်နှင့်ငြိမ်ကျသွားသည့်ကောင်လေးကြောင့်Namjoonနှုတ်ခမ်းများကွေးရုံမျှပြုံးလိုက်သည်။ ဒုတိယကြိမ်နီးကပ်မှုတွင်လည်းNamjoonထိုမျက်နှာလေးအားအကြည့်မလွှဲနိုင်ပေ။နီးကပ်နေမှုကြောင့်ဝင်သက်ထွက်သက်တို့ကလည်းရောယှက်နေသည်။ နှုတ်ခမ်းပါးကမှည့်လေးကိုမြင်တော့ယောင်ယမ်းကာတံတွေးမျိုချမိပြန်သည်။ခုချိန်တွေးမိသည်က ထိုကောင်လေးရဲ့နှုတ်ခမ်းပါးများကဘယ်လောက်အိစက်နေမလဲဆိုတာပင် ရူးနေပါပြီKim Namjoonရူးနေပါပြီ။ အတွေးများကိုဖယ်ထုတ်ကာ ကောင်လေးပေါ်မှဖယ်ပေးလိုက်သည်။ ဘေးမှကောင်လေးကိုကြည့်မိတော့ မျက်နှာပင်ရဲတက်နေလေပြီ။ဒါကပင် ဆွဲဆောင်နေမှုဖြစ် ေနတာကြောင့် အမြန်ပင်အကြည့်လွှဲကာ ထိုနေရာလေးမှထွက်ခွာလာခဲ့သည်။
ကားလေးသည်ညင်သာစွာလမ်းပေါ်တွင်မောင်းနှင်လာသည်။ကားထဲကလူနှစ် ယောက်ကတော့တိတ်တဆိတ်လိုက်ပါလာသည်။
ထိုတိတ်ဆိတ်မှုလေးအားဖြိုခွင်းလာသည်ကတော့ Hoseokဗိုက်ပင်။
"ဂွီ"
"ဗိုက်ဆာနေပြီလား"
"အာ မဟုတ်ပါဘူး.."
"ဂွီ.." အရှက်တော့ကွဲပါပြီ Jung Hoseokရေ.. မနက်ထဲကဒီလူကြီးကိုမျှော်နေရလို့ စားရကောင်းမှန်းမသိခဲ့။ အား...ဒီမှာတင်အငွေ့ပျံချင်နေပြီ။
"ဟားဟား...မင်းနှုတ်ခမ်းလေးကလိမ်လို့ရမယ် မင်းဗိုက်ကတော့
ဆန္ဒပြနေပြီ"
"....."
ရှက်လွန်း၍ခေါင်းငုံ့ထားသောကောင်ပေါက်လေးကြောင့် ပေါ့ပေါ့ပါးပါးရီမောမိသည်။ ဒီလိုမပေါ့ပါးတာဘယ်လောက်တောင်ကြာနေပြီလဲ။
"Hoba"
"ဟင်"
ခေါင်းမော့ကာ မျက်လုံးဝိုင်းများဖြင့်လှည့်ကြည့်လာသူအား အသည်းယားစွာ
"Hobaလို့ခေါ်မယ်"
"...."
မျက်နှာရဲကာထပ်မံခေါင်းငုံ့သွားသောကောင်လေးကြောင့်စိုးရိမ်မိသည်။ ဒီလိုခေါ်တာ သူမကြိုက်လို့များလား
"မင်းသဘောမကျရင်.."
"ဟင့်အင်း ကျွန်တော်သဘောကျတယ်.."
ကိုယ့်ဘက်လှည့်ကာ အလှဆုံးပြုံးပြနေသူက ချစ်ဖို့ကောင်းလွန်းနေသည်။ ပြုံးလိုက်တိုင်းပေါ်လာတဲ့ ပါးချိုင့်ပိစိလေးတွေကိုလည်း သဘောကျသည်။ လည်တိုင်ကျော့ကျော့ဆီအကြည့်ရောက်သည့်အခါ မသိမသာတံတွေးမျိူချလိုက်သည်။ လက်ချောင်းများသည်တော့ ကားစတီယာတိုင်ကိုသာ တင်းကျပ်စွာဆုပ်ကိုင်လိုက်သည်။ကားကိုသာဂရုစိုက်မောင်းကာ မည်သည့်စကားမှမဆိုဖြစ်တော့ချေ။
...........................
ကားအနက်လေးသည် အဆောက်ဦးတခုရှေ့ထိုးရပ်လိုက်သည်။ တခြားတော့မဟုတ်
ဆိုးလ်မြိုးရဲ့နာမည်ကြီးစားသောက်ဆိုင်ပင်။
မျက်စိရှေ့တွင် menu စာအုပ်ကိုကိုင်ကာ အားရပါးရမှာနေသောကောင်လေးကိုမျက်စိမလွှဲတမ်းကြည့်နေလိုက်သည်။
"ဒီကိတ်ရယ်..ဒီကိတ်ရယ်..ဒီဟာကောပဲ..ပြီးတော့...spriteရယ်...ဟမ်ဘာဂါကောပဲနော်"
လက်ညိုးတထိုးထိုးဖြင့်waiterကောင်လေးကိုမှာနေသူသည် Namjoonမျက်လုံးထဲ
ကလေး လေးသဖွယ်။ နှုတ်ခမ်းဆူလိုက် မျက်လုံးပြူးလိုက်နဲ့ အလုပ်ရှုပ်နေသည့်ကောင်ပေါက်လေးက သူ့အတွက်မြတ်နိုးဖွယ်ရာအတိ။မှာလို့ပြီးသွားသည်ထင် ကိုယ့်ဘက်လှည့်ကာ
"Namjoonကောဘာမှာအုံးမလဲ"
"ကိုယ့်ကို cokeပဲပေးပါ"
မှာထားသည်များစောင့်နေချိန်တွင်လည်းတယောက်မှစကားမစမိ။နေရခက်လားဆိုလည်း နေရမခက်ပါ။ ဒီအခြေနေလေးကိုပင် Namjoonကော Hoseokကော သဘောတွေ့နေမိသည်။"ချွဲမင်ဆော့နဲ့အတော်ရင်းနှီးတယ်ထင်တယ်"
တခြားသူ ကိစ္စဆိုမသိချင်ဘူးဆိုပေမဲ့ ဒီကောင်လေးဖြစ်နေလို့ကိုသိချင်မိသည်။ ဒီကောင်လေးနားမှာ တခြားသူရှိနေတာမလိုချင်ပါ။ ဘာလို့လဲဆိုတဲ့အကြောင်းပြချက်ကိုတော့
သေချာမသိသေးပင်မယ့်ပေါ့။
"အော်..Appaအသိလေ လုပ်ငန်းတွဲလုပ်နေတာဆိုတော့ အလိုက်သင့်လေးနေပေးတာပါ"
"လုပ်ငန်း.."
"အင်း...Appaက..."
"မှာထားတာတွေရပါပြီဗျ"
Waiterလေးရဲ့ အသံကြောင့် စကားစပြတ်သွားရသည်။
"Woww အရသာရှိမယ့်ပုံပဲ"
စားပွဲပေါ်ရှိ မုန့်များကို မျက်ဝန်းတောက်တောက်များဖြင့်ကြည့်ကာ နှုတ်ခမ်းများကလည်းပြုံးထားသေးသည်။
"ဘယ်ဟာအရင်စ စားရမလဲ"
ခက်ရင်းကိုကိုင်ကာ လက်ကလည်း ဘယ်ညာရမ်းနေသေးသည်။ဦးတည်ရာတွေ့သွားသည့်ပုံပင် လက်သွယ်သွယ်ကကိုင်ထားသည့်ခက်ရင်းလေးဖြင့် စတော်ဘယ်ရီကိတ်လေးကိုယူကာ ပါးဖောင်းဖောင်းလေးနှစ်ဖက်မို့တက်လာသည်အထိအရသာခံစားသုံးနေလေသည်။ အစားစားလိုက်တိုင်းဖြစ်လာသည့် နှုတ်ခမ်းဆူဆူလေးရယ် ပါးမို့မို့လေးရယ်က အသည်းယားစရာအတိ။စိတ်ရှိတိုင်းသာ ပါးလေးကိုဆွဲကိုက်လိုက်ရင် စိတ်ဆိုးသွားမလား။ အတွေးတွေဖြင့်သာ ရှေ့မှမြတ်နိုးရဖွယ်ကိုသာကြည့်နေမိသည်။
"စားလို့ကောင်းလား"
ပလုတ်ပလောင်းဖြင့်စားနေသည့်ကောင်လေးက ခေါင်းတဆက်ဆက်ငြိမ့်ကာအဖြေပေးလေသည်။
"ချစ်တဲ့စိတ်နဲ့စားရင် ဘာစားစားကောင်းတယ်"
"အဲ့လိုလား"
ထိုင်ခုံမှထကာ မိမိဆီတလှမ်းချင်းလျှောက်လာသူကို Hoseokမျက်တောင်မခတ်ကြည့်နေမိသည်။ ရုတ်တရက် ခါးကိုင်းကာ မိမိနှင့်မျက်နှာချင်းဆိုင်လိုက်သူကြောင့် ရင်ထဲထိတ်ခနဲပင်။ မနေတတ်စွာမျက်နှာလွဲမိတော့ မေးမှပြန်ဆွဲကာ ရှေ့သို့ထပ်တိုးလာသည့်သူကြောင့် တံတွေးမသိမသာမျိုချမိသည်။ ဘာအခြေနေကြီးလဲ။ Hoseokအတွေးများဖြင့်ယောက်ယက်ခတ်နေစဥ် Namjoonလုပ်လိုက်သည့်ပြုမူကြောင့် ထပ်ကြောင်သွားပြန်သည်။ လက်မဖြင့် နှုတ်ခမ်း ပေါ်မှာပေနေသော creamများကိုပွတ်ဆွဲကာ သူ့နှုတ်ခမ်းနဲ့ထိလိုက်သောကြောင့်ပင်။ထို့နောက်
"ချိုတယ်" ပြောလည်းပြော မျက်ဝန်းများက နှုတ်ခမ်းသားချိုရဲရဲဲဆီထပ်ရောက်ချိန်အသိစိတ်တို့လွတ်နေလေပြီ။ နူးညံ့ခြင်းကိုပုံဖော်မည့်နှုတ်ခမ်းနှစ်စုံထိကပ်တော့မည့်ချိန်တွင်..
Ring...Ring...
ဖုန်းအသံကြောင့်လူချင်းခွာကာ ဖုန်းကောက်ကိုင်လိုက်သည်။
".............."
"ငါလာခဲ့မယ်"
ဖုန်းကျသွားသည်နှင့် ကောင်လေးဖက်ကိုလှည့်ကြည့်မိတော့ ပေါက်ကွဲတော့မည့်ခရမ်းချဉ်သီးလေးလိုပင်။ နားဖျားထိရဲတက်နေတာက သူရှက်နေကြောင်းသက်သေပြနေသည်။
ကိုယ့်ဘက်ကပင်စကားစကာ
"ကိုယ်အလုပ်ပေါ်လာလို့ပြန်ရတော့မယ်"
"ဟုတ်"
"ကိုယ်တို့နောက်တခေါက်ထပ်တွေ့ကြရအောင် Hoba"
.................................#Cora
Upပေးလိုက်ပါပြီဒါဒါတို့ရေ
ဖတ်ရင်းvote,comments လေးတွေပေးခဲကြနော်😘😘
YOU ARE READING
Between Hate & Love
Romance"ငါ့မှာဆုံးရှုံးစရာ မရှိဘူးလို့မှတ်ယူထားတာ ငါ့ဘဝထဲ မင်းမဝင်လာခင်ကပေါ့" Kim Namjoon "ငါ့ကိုထားမသွားဘူးလို့ ကတိပေးနိုင်မလား joon....." Jung Hoseok