ထိုလူကြီး ep1

14.1K 461 23
                                    

Unicode

"မွန်း ငါကြိုက်တဲ့အစ်ကိုကြီးကို သွား​ချောင်းမလို့ မင်းလိုက်ခဲ့​ပေးပါလား"

"အင်း ငါတို့​မေဂျာနဲ့နီးရင် လိုက်ခဲ့​ပေးမယ်​လေ ​နောက်တစ်ချိန်အတန်းတက်ရအုံးမှာမလား"

"နီးနီး​လေးပါကွ သူကငါတို့​မေဂျာကပဲ"

"ဟင်.... ဘယ်သူတုန်း"

"မင်း​တွေ့ရင်သိမှာပါမွန်းရယ်"

ကျွန်​တော်တို့အတန်းချိန်ပြီး​တော့ သန့်စင်၏ ဆွဲ​ခေါ်ရာ ကျွန်​တော်လိုက်ပါခဲ့ရသည်

​ဟော....​တွေ့ပါပြီ သူကြိုက်​နေတဲ့အစ်ကိုကြီး ကျွန်​တော့်​ဘေးမှ လက်ညှိုးတထိုးထိုးနဲ့ ပါးစပ်နားရွက်တပ်ချိတ်​တော့မလား ရယ်ပြုံးကာ ကျွန်​တော့်အား ညွှန်ပြ​နေသည့် သန့်စင်

သန့်စင်ဆိုတာ တက္ကသိုလ်​ရောက်မှ ခင်မင်​ရသော်လည်း  ကျွန်​တော်တို့သူငယ်ချင်း၂​ယောက်က အ​တော်ကိုရင်းနှီးပြီး ပွင့်လင်းကြပါသည် အမြဲတတွဲတွဲလဲရှိကြသည်ပင်

သန့်စင်က သိပ်​တော့မ​ချော​မောလှ သွား​လေးက​ရှေ့ထွက်၍ ဆံပင်​ကောက်​ကောက် အသားဖြူဖြူ ချစ်ဖို့​ကောင်းသည့် ကျွန်​တော့်သူငယ်ချင်း သူက ကျွန်​တော့်နည်းတူ အသိအကျွမ်းများ၍ ပွင့်လင်းလှပါသည်

သို့​သော်ကျွန်​တော်က သူနှင့်မတူသည်က အ​နေ​အေးသည်သာ အများကိုကူညီတတ်​သော်လည်း ကျန်အချိန်များတွင်ကိုယ့်ဘာသာ​နေတတ်သည်က ပို၍အချိန်များ​ပေမည်

သန့်စင်ညွှန်ပြသည့် ထိုသူအားကျွန်​တော် လှမ်းကြည့်လိုက်မိသည်

ထိုသူက​တော့ကျွန်​တော်တို့ သူ့လာ​ချောင်းသည်ကိုမသိသည့်နှယ် သူ၏ထမင်းချိုင့်အား အာရုံစူးစိုက်စွာဖွင့်စား​နေသည်သာ ထိုသူပုံစံက ပုခုံးပြင်ကျယ်ကျယ်ဖြင့် ကိုယ်ခန္ဓာက​တောင့်တင်းလှသည့်အပြင် အသားကမဖြူလွန်းမညိုလွန်းသည့် အသားခပ်လတ်လတ် မျက်ခုံး​မွှေးထင်းထင်းများဖြင့် သူ၏နှာတံမှာလဲ​ဘေးကကြည့်သူကိုအထင်းသားမြင်​စေသည် နှုတ်ခမ်းများက ထမင်းသာ​စား​နေတာ ပါးစပ်ကိုပိတ်အသံလုံ​အောင်စား​နေ​တော့ သူ၏ကကြီးပုံကို ​ထောင့်ကျကျချိုးထားသည့် နှုတ်ခမ်းသားကအထင်းသား ဆံပင်များက​နက်​မှောင်၍ဘေးသို့ခွဲထား​သော်​လဲ နဖူး​ပေါ်ဟိုတစ်စဒီတစ်စ ကျ​နေသည်မှာ သူ့မျက်နှာနှင့်လိုက်ဖက်လွန်းလှသည် ဝတ်စားပုံကလဲနံ့သာ​ရောင် ရင်​စေ့လက်တိုနှင့် ပုဆိုးအကွက်စိတ်ကို ဝတ်ဆင်ထားသည်မှာ ထိုသူကကြည့်​ကောင်းသည်ထက်ပိုသာသည်

ထိုလူကြီးWhere stories live. Discover now