Unicode
"မွန်း ငါကြိုက်တဲ့အစ်ကိုကြီးကို သွားချောင်းမလို့ မင်းလိုက်ခဲ့ပေးပါလား"
"အင်း ငါတို့မေဂျာနဲ့နီးရင် လိုက်ခဲ့ပေးမယ်လေ နောက်တစ်ချိန်အတန်းတက်ရအုံးမှာမလား"
"နီးနီးလေးပါကွ သူကငါတို့မေဂျာကပဲ"
"ဟင်.... ဘယ်သူတုန်း"
"မင်းတွေ့ရင်သိမှာပါမွန်းရယ်"
ကျွန်တော်တို့အတန်းချိန်ပြီးတော့ သန့်စင်၏ ဆွဲခေါ်ရာ ကျွန်တော်လိုက်ပါခဲ့ရသည်
ဟော....တွေ့ပါပြီ သူကြိုက်နေတဲ့အစ်ကိုကြီး ကျွန်တော့်ဘေးမှ လက်ညှိုးတထိုးထိုးနဲ့ ပါးစပ်နားရွက်တပ်ချိတ်တော့မလား ရယ်ပြုံးကာ ကျွန်တော့်အား ညွှန်ပြနေသည့် သန့်စင်
သန့်စင်ဆိုတာ တက္ကသိုလ်ရောက်မှ ခင်မင်ရသော်လည်း ကျွန်တော်တို့သူငယ်ချင်း၂ယောက်က အတော်ကိုရင်းနှီးပြီး ပွင့်လင်းကြပါသည် အမြဲတတွဲတွဲလဲရှိကြသည်ပင်
သန့်စင်က သိပ်တော့မချောမောလှ သွားလေးကရှေ့ထွက်၍ ဆံပင်ကောက်ကောက် အသားဖြူဖြူ ချစ်ဖို့ကောင်းသည့် ကျွန်တော့်သူငယ်ချင်း သူက ကျွန်တော့်နည်းတူ အသိအကျွမ်းများ၍ ပွင့်လင်းလှပါသည်
သို့သော်ကျွန်တော်က သူနှင့်မတူသည်က အနေအေးသည်သာ အများကိုကူညီတတ်သော်လည်း ကျန်အချိန်များတွင်ကိုယ့်ဘာသာနေတတ်သည်က ပို၍အချိန်များပေမည်
သန့်စင်ညွှန်ပြသည့် ထိုသူအားကျွန်တော် လှမ်းကြည့်လိုက်မိသည်
ထိုသူကတော့ကျွန်တော်တို့ သူ့လာချောင်းသည်ကိုမသိသည့်နှယ် သူ၏ထမင်းချိုင့်အား အာရုံစူးစိုက်စွာဖွင့်စားနေသည်သာ ထိုသူပုံစံက ပုခုံးပြင်ကျယ်ကျယ်ဖြင့် ကိုယ်ခန္ဓာကတောင့်တင်းလှသည့်အပြင် အသားကမဖြူလွန်းမညိုလွန်းသည့် အသားခပ်လတ်လတ် မျက်ခုံးမွှေးထင်းထင်းများဖြင့် သူ၏နှာတံမှာလဲဘေးကကြည့်သူကိုအထင်းသားမြင်စေသည် နှုတ်ခမ်းများက ထမင်းသာစားနေတာ ပါးစပ်ကိုပိတ်အသံလုံအောင်စားနေတော့ သူ၏ကကြီးပုံကို ထောင့်ကျကျချိုးထားသည့် နှုတ်ခမ်းသားကအထင်းသား ဆံပင်များကနက်မှောင်၍ဘေးသို့ခွဲထားသော်လဲ နဖူးပေါ်ဟိုတစ်စဒီတစ်စ ကျနေသည်မှာ သူ့မျက်နှာနှင့်လိုက်ဖက်လွန်းလှသည် ဝတ်စားပုံကလဲနံ့သာရောင် ရင်စေ့လက်တိုနှင့် ပုဆိုးအကွက်စိတ်ကို ဝတ်ဆင်ထားသည်မှာ ထိုသူကကြည့်ကောင်းသည်ထက်ပိုသာသည်
YOU ARE READING
ထိုလူကြီး
Romanceသူငယ်ချင်းရဲ့ တစ်ဖက်သတ်ကြိုက်နေသူကို ကျွန်တော့်ဘက်က စအရောဝင်ရတာ မဝံ့မရဲဖြစ်လှသည် Start 》》3.11.2021 End 》》 13.12.2021