ထိုလူကြီး အပိုင်း(၅)
ကျွန်တော်ကောင်လေးတစ်ယောက်အပေါ် ဘဝမှာနစ်မြောမိမယ်လို့ တစ်ကြိမ်တစ်ခါမျှရေးရေးပင်မတွေးဖူး။ ခုတော့ခြေချုပ်မိသလို ထိုကောင်ကလေးဆီကိုသာ ကျွန်တော်ဦးတည်နေမိပါရဲ့။
မနေ့ညက ကျွန်တော်သဲကြီးမဲကြီး စာလုပ်ပြီးလို့ ခုထိုကောင်ကလေးရှိသည့် ကန်တင်းဘက်ကို သွားတွေ့နိုင်တော့မည်။ကျွန်တော်က တမင်တကာ တွေ့ချင်လို့ ခြေဦးတည် ရသည်မျိုးသာ
ဟော...တွေ့ပါပြီ ကော်ဖီကိုတစ်ငုံသောက်လိုက် စာအုပ်လေးဖတ်လိုက်နဲ့ သူ့သီးသန့်ကမ္ဘာလေးနဲ့သာယာနေတဲ့ ကောင်ကလေး
ကျွန်တော်က ကော်ဖီအရသာကိုသိပ်မကြိုက်ဘူးဗျ ။ကော်ဖီသောက်ပြီးရင်ပါးစပ်ထဲစွဲနေတဲ့ အရသာမျိုးကို ကျွန်တော်မကြိုက်ဘူး။
ဒီကောင်ကလေးက ကော်ဖီနဲ့တူတယ်ထင်တယ်ဗျ။သူ့ကိုတွေ့ပြီး ထပ်တွေ့ချင်အောင် စွဲနေရောဗျ။ကော်ဖီနဲ့တူတဲ့ကောင်လေး ဆိုပေမယ့် ကျွန်တော်သူ့ကိုတော့ ကြိုက်တယ်။အတွေးတွေက ရုန်းထွက်ပြီး ထိုကောင်ကလေးရှိတဲ့ ဝိုင်းကို စကားတစ်လုံးမျှမဆိုဘဲ ကျွန်တော်သွားထိုင်လိုက်သည်။
ထိုကောင်ကလေး သူ့စာအုပ်အပေါ် စိတ်ဝင်တစားရှိလှသည်။သူ့ရှေ့ထိုင်သူဟာ ဘယ်သူဘယ်ဝါ သေချာမကြည့်ပါဘဲ သူ့သူငယ်ချင်းကို စကားနာထိုးနေသည်။အဘယ်ကြောင့်နောက်ကျလေသနည်း ဆို၍ ကျွန်တော်ထင်ပါသည် နှုတ်ခမ်းလေးတွေထော်ပြီး နှုတ်သီးခေါင်းလျှာပါး ထေ့ငေါ့နေမည်ဆိုတာ။အဘယ်၍ဆို သူကစာအုပ်အကွယ်မှ သူ့သူငယ်ချင်းကို ရန်ဆောင်စကားလေး ဆိုနေ၍သာ ခုထိကျွန်တော် သူ့မျက်နှာသေချာမတွေ့ရသေး။
ကျွန်တော့်ဆီမှ မည်သည့်အသံမျှ မကြား၍ သူ့စာအုပ်လေး ဘေးစောင်း၍ ကျွန်တော့်ဆီ မျက်လုံးဝိုင်းလေးဖြင့် ကြည့်ရာဝယ်။ထိုမျက်လုံးဝိုင်းစက်စက်ကလေးတွေက ပို၍ကျယ်လာပြီး အံ့သြရိပ်လေးဖြတ်ပြေးသွားသည်။ဖြစ်နိုင်ပါ၏။မနေ့ကမှမိတ်ဆက်ပြီး ဒီနေ့လာတွေ့တာ ကျွန်တော်ပဲမို့လား။ကျွန်တော်ပိုလွန်းလှသည်ဟု သူ့စိတ်လေးက တွေးတောနေလေမလား။
YOU ARE READING
ထိုလူကြီး
Romanceသူငယ်ချင်းရဲ့ တစ်ဖက်သတ်ကြိုက်နေသူကို ကျွန်တော့်ဘက်က စအရောဝင်ရတာ မဝံ့မရဲဖြစ်လှသည် Start 》》3.11.2021 End 》》 13.12.2021