Ep7

2.9K 193 6
                                    

Unicode

ထိုလူကြီး အပိုင်း(၇)

သူငယ်ချင်းရဲ့အ​မေးက ကျွန်​တော့်ကိုယ် ကျွန်​တော် လိပ်ပြာမလုံမိပါ သို့​​ပေသိ ကျွန်​တော့်ရဲ့အ​ဖြေက မုသာဝါဒ​​မြောက်ခဲ့ပါတယ်

"ငါမကြိုက်ပါဘူး သန့်စင်ရယ် ဘာဖြစ်လို့လဲ"

"​ဒီလို ဟို...."

"ကဲ ​ကော်ဖီ​တွေရပါပြီဗျာ"

ထိုစကား​လေးကို ကျွန်​တော်ကြိုက်တဲ့ ပါးချိုင့်​ရေး​ရေး​​လေး​တွေ ​ပေါ်​အောင်ရယ်ရင်း ကျွန်​တော့်​ရှေ့ကခုံမှာ တစ်နည်းဆိုရင် သန့်စင်​ဘေးမှာ ​နေရာတကျထိုင်ရင်း ကျွန်​တော့်ဆီ​ကော်ဖီခွက်​လေးကမ်းလာ​ပေးတဲ့ ထိုလူကြီး

ကျွန်​တော်​လေ ​ထိုလူကြီးကို ရှောင်​နေ​ပေမယ့် လွမ်းစိတ်ကပိုရတာ​တော့ အမှန်​ ​တွေ့​တော့လဲ​ ​ပျော်ရသည်ထက် နာကျင်ရတာက ပိုသာ​နေပြန်​ရော "စုပ်လဲစူးစားလဲရူး" ဆိုတာထက် ကျွန်​တော်က​တော့အ​တော် ရူး​​နေပြီထင်ပ
......................................................................
ခုဆိုကျွန်​တော်တို့နဲ့လူကြီးနဲ့ ခင်မင်ရင်းနှီးလာတာ  semesterတစ်ဖြတ်နီးနီးဖြစ်လာခဲ့ပြီ

လူကြီးနဲ့သန့်စင်ကကျွန်​တော်ရှိတဲ့​​နေရာကို အမြဲလာတတ်တယ် ကျွန်​တော်က​တော့ ရင်ထဲကခံစားချက်​တွေ​ကြောင့် တိတ်ဆိတ်မြဲ တုံ့ဆိုင်းမြဲ။လူကြီးကို ပိုပိုချစ်လာ​လေ သံ​ယောဇဥ်​တွေပါ တွယ်ငြိလာ​လေမို့ ကျွန်​တော်အချစ်နွံက မလူးသာမလွန့်သာ အ​ခြေအ​နေဖြင့်​ပေါ့ ။

တစ်​နေ့မှာ​တော့ လူကြီးကသန့်စင် မပါဘဲ ကျွန်​တော်ထိုင်​နေတဲ့ အုတ်ခုံ​လေးနား​​ရောက်လာခဲ့တယ်

ကျွန်​တော်လဲ စာအုပ်သာ ဖတ်ရင်း သူ့အနားတိတ်ဆိတ်စွာ ထိုင်​နေမိတယ်။ သို့​ပေသိ ကျွန်​တော့်ရဲ့ နှုတ်ခမ်းဖွင့်ဟလာ​အောင် လူကြီးကစွမ်း​ဆောင်နိုင်လွန်းသည်သာ။

"ကိုယ် မင်းကို ချစ်တယ်မွန်း​လေးရယ်"

ဒါကျွန်​တော့်ကို​ပြောတာ ​သေချာ​လောက်​အောင် နာမည်နှင့်တကွပါပဲ။

လူကြီးကကျွန်​တော့် ငုံ့​နေတဲ့ ​မေးဖျား​လေးကို လက်ဖျား​လေးဖြင့် ဆွဲ​မော့ရင်း

ထိုလူကြီးWhere stories live. Discover now