Ep 2

4K 312 25
                                    

Unicode

"ကျွန်​တော်ဒီမှာရှိတာ ဘယ်လိုသိတာလဲ"

ထိုစကား​​​ကြောင့် ကျွန်​တော့်နှုတ်ခမ်း​​​လေးရဲ့ အတွင်းသား​လေးကို ကြိတ်ပြီးကိုက်လိုက်မိသည်

"​ကျွန်​တော့်ကို သူကပုံစံ​ပြောပြ​တော့ ​ကျောင်းသားသစ်​နေမယ်ဆိုပြီး ကျွန်​တော်လိုက်ပြတာ မှန်သွားတာ"

ကျွန်​တော့်ရဲ့ဆွံ့အ​နေမှုကို ဟန်မ​ပျက်​အောင် ထိန်း​ပေး​နေသည့် ကျွန်​တော့်သူငယ်ချင်း​​လေးကို ကြိတ်​ကျေးဇူးတင်မိပါ၏

"​အော်..."

"ဒါဆိုသွားလိုက်ပါအုံးမယ်ခင်ဗျ"

ကျွန်​တော်နှုတ်ဆက်ပြီး အလျင်စလို ​ထို​နေရာမှ​ပြေးထွက်ချင်မိပါသည်

"ခဏ​နေပါအုံး"

သူ့ရဲ့သြသြရှရှအသံက ကျွန်​တော်တို့လှည့်ထွက်မယ့် ​ခြေလှမ်းများကို ရပ်တန့်​နိုင်စွမ်းရှိလှသည်

"မင်း​လေးတို့နာမည်က...."

ကျွန်​တော်တို့ကိုယ်ရှိန်သတ်လိုက်သည်နှင့် ထိုသူဆီမှအ​မေးစကား​လေးကထပ်မံပျံ့လွင့်လာပြန်၏

"သူ့နာမည်က သန့်စင်ပါ ကျွန်​တော့်နာမည်က မွန်းပါ"

ကျွန်​တော်ပထမဆုံး သန့်စင်ကို မိတ်ဆက်​ပေးမိသည် ထိုအချိန်တွင် သန့်စင်ကိုဦးစား​ပေးရမည်မဟုတ်လား

"ကျွန်​တော့်နာမည်က ​နောင်စိုးပါ"
သူ့နာမည်ကို​ပြောပြီးသည်နှင့်ကျွန်​တော်တို့​ခေါင်းငြိမ့်ပြီး ဘယ်၍ဘယ်မျှပြုမူရမည်နည်း မသိပါ

"မင်း​လေးတို့က ဘယ်​မေဂျာကလဲ ဘယ်နှနှစ်လဲ"

"ကျွန်​တော်တို့က သမိုင်းကပါပဲ အစ်ကို ဒုတိယနှစ်ပါ"

ထိုအ​ဖြေကိုဦး​ဆောင်သူက သွက်လက်လှသည့် ကျွန်​တော့်သူငယ်ချင်းသန့်စင်ပင် သူတို့ကြားတိတ်ဆိတ်နိုင်လွန်းသူက​တော့ကျွန်​တော်ပင်
.....................................................................
​ဒီ​နေ့​တော့​ကော်ဖီ​သောက်ရင်း ကန်တင်းတွင် စာအုပ်ဖတ်လျက် သန့်စင်အား ကျွန်​တော်​စောင့်​နေသည်

ထိုလူကြီးWhere stories live. Discover now