Ep 3

3.2K 282 24
                                    

Unicode

ထိုလူကြီး အပိုင်း(၃)

ကျွန်​တော်ရဲ့ပထမဆုံး​ကျောင်းတက်ရက်မှာ

ကန်တင်းစထိုင်ဖြစ်တယ် ကျွန်တော်လဲ​စော​ရောက်​နေမိတာ​ရော ​နောက်ပိုင်းကန်တင်း​တောင်​သေချာမထိုင်နိုင်​တော့မှာသိလို့ တစ်ဝကြီးလာထိုင်တယ်ဆို ပိုမှန်​ပေမည် အဘယ်သို့ဆို ဂုဏ်ထူးတန်းဆို​တော့ စာအုပ်နဲ့​ခေါင်းနဲ့ကမကပ်ရုံတမယ် စာလုပ်ရ​ပေမည် အရင်ရိုးရိုးနှစ်​တွေ​တောင် စာ​တွေ​တောင်လိုပုံ​နေတာ​ရော်

ကျွန်​တော်က​ကော်ဖီကို ကြိုက်လှတယ်မဟုတ်​ပေမယ့် ဒီ​နေ့စမ်း​သောက်ကြည့်ဖို့ ကန်တင်းမှာ​ကော်ဖီမှာလိုက်တယ်

​ကော်ဖီမှာရင်းဟို​​ငေးဒီ​ငေး​ပေါ့ဗျာ ကြည့်စရာစာမှမရှိ​သေး​တော့ ကျွန်​တော့်အာရုံကို ကန်တင်းက ဝိုင်းတစ်ဝိုင်းကို ပို့အပြီး ကျွန်​တော့်အကြည့်​တွေပြန်မခွာခဲ့နိုင်ဘူး
နှုတ်ခမ်း​လေး​ထော်ပြီး စကား​တွေ တတွတ်တွတ်​​ပြော​နေသည့်​ကောင်က​လေး သူ့​​ဘေးက သူငယ်ချင်းဖြစ်ဟန်တူတဲ့ ဆံပင်​​ကောက်​ကောက်နဲ့​ကောင်​လေးက ဘာ​ပြောလိုက်လို့လဲမသိပါဘူးဗျာ ခွက်ထိုးခွက်လန် အဲ့​ကောင်​လေးပုခုံးစွန်းကိုရိုက်ရိုက်ပြီးရယ်​နေတာ သူ့ရဲ့ဝိုင်းစက်တဲ့မျက်ဝန်း​လေး​နှစ်ခုက အစီအရီကိုင်းညွှတ်သွားတာနဲ့ မျက်​တောင်စိတ်စိတ်ရှည်ရှည်​စိတ်စိတ်လေး​တွေက ဖုံးလွှမ်း​ပေးထား​သေးတယ် အသားအ​ရေ​လေးကဝင်းဖြူ​နေတာကို မနက်ခင်း​နေက သူ့ကိုမှ​ရွေးခ​နေ​တော့ ကျွန်​တော်အကြည့်လွှဲဖို့​မေ့သွားသကိုးဗျ

​ရယ်​နေတာကိုအထူးလှ​အောင်ပံ့ပိုး​နေတာ သူ့သွားတက်​လေး​တွေ​ကြောင့်ပဲ ဘာလို့များ ချစ်စဖွယ်အရာ​တွေကို ဒီ​ကောင်​လေးဆီ စုပြီး​ပေးထားပါလိမ့်ဟူ၍ ကျွန်​တော်​တွေး​တောမိသည်အထိ

ကျွန်​တော်ဒီ​နေ့ကန်တင်းလာထိုင်မိတာလုံးဝမမှားဘူးဗျ
...................................................................
​​ကောင်​လေးတစ်​ယောက်ကျွန်​တော့်တို့အခန်း​ရှေ့ ရစ်သီရစ်သီလုပ်​နေတာ ၁ပတ်နီးပါး​လောက်ရှိ​ကြောင်း ကျွန်​တော့်သူငယ်ချင်းစပ်စုစိန်​ မိုး​ဆွေ​ပြော၍ ကျွန်​တော်သိခဲ့သည်

ထိုလူကြီးWhere stories live. Discover now