Unicode
ဇာတ်သိမ်းပိုင်း
နောက်တစ်နေ့မနက်
"မွန်း မင်း ကိုကြီးကို ငြင်းလိုက်တယ်ဆို"
"ဟမ် ဘယ်လို ဘယ်လိုသိတာတုန်း"
"မင်းလဲ ကိုကြီးကို ကြိုက်သားပဲကွာ ဘာလို့ငြင်းတာတုန်း"
"သန့်စင်"
ထိုစကားတွေကို သန့်စင်က မျက်နှာတစ်ချက်မပျက်ဘဲ ခပ်အေးအေး ပြောနေသောကြောင့် ကျွန်တော်ကပင် မျက်နှာပိုပူရပါသေးသည်
"အေး အားလုံးကို ငါသိပြီးသား။ကိုကြီးက မင်းကိုသွားဖွင့်ပြောဖို့ ငါကိုယ်တိုင်လွှတ်ပေးလိုက်တာ ကိုယ့်ကိုမှ စိတ်မရှိသူကို ငါ့ကိုပဲကြိုက်ရမယ်ဆိုပြီး ဆွဲထားစရာလား ငါ့ဘေးနားသူရှိနေတောင် စိတ်က တခြားသူဆီရောက်နေတဲ့သူကိုတော့ ငါမလိုချင်ပါဘူး ပြီးတော့ သူကြိုက်နေတာ ငါ့သူငယ်ချင်းလေ ရက်ရက်ရောရောကို ပေးရဲတယ်"
"ငါကတော့မလိုချင်ဘူး သန့်စင်"
"ဘာလဲ ငါထင်တာလွဲနေလို့လား မင်းက ကိုကြီးကိုမကြိုက်ဘူးလား"
"ငါ ငါ့သူငယ်ချင်းကိုပဲရွေးချင်တယ် သန့်စင်"
"စိတ်ခုမနေနဲ့စမ်း မွန်း မင်းအကြောင်း ငါအသိဆုံး မင်းကိုငါ မယူပါဘူး ပြောနေရက်နဲ့ မင်းကဘာလို့ နစ်နာသူကြီးလုပ်ချင်နေရတာတုန်း မလှုပ်တလှုပ်မလုပ်နဲ့နော်မွန်း မင်းဆုံးဖြတ်ချက်ချရတော့မယ့်အချိန်ရောက်ပြီ"
"ကိုယ့်ကို မချစ်ဘူးလား မွန်း"
"ဟင် လူကြီး""ငါခေါ်လာတာဟေ့ ကဲ ကဲ သွားပြီ မင်းတို့ဘာသာရှင်းတော့ ငါက ငါ့ကိုချစ်တဲ့သူပဲရွေးမှာမို့ ငါ့ကိုမချစ်နိုင်ရင် နိုးပဲဟေ့"
ပြောပြောဆိုဆိုနဲ့ထွက်သွားသော သန့်စင်ကို ကျွန်တော်ကြည့်ရင်း အားတုန့်အားနာ လူကြီးနဲ့ကိုယ်သာ တွဲဖြသ်ရင် သူ့ရှေ့မျက်နှာ ဘယ်လိုပြရမလဲ ပြီးတော့ သူငယ်ချင်းရဲ့crushကိုမှ ကိုယ်ကကြိုက်မိတာ တစ်သက်လုံး လိပ်ပြာလုံနိုင်ပါ့မလား
YOU ARE READING
ထိုလူကြီး
Romanceသူငယ်ချင်းရဲ့ တစ်ဖက်သတ်ကြိုက်နေသူကို ကျွန်တော့်ဘက်က စအရောဝင်ရတာ မဝံ့မရဲဖြစ်လှသည် Start 》》3.11.2021 End 》》 13.12.2021