Ep4

2.9K 224 16
                                    

ထိုလူကြီး အပိုင်း(၄)

မုန့်စားဆင်းချိန်ဆိုရင် ကျွန်​တော် က​လေး​လေး၂​ယောက်ကို​မျှော်တတ်​နေပြီဗျ ခုလဲကျွန်​တော်တ​မျှော်​မျှော်ဖြင့် ပြတင်း​ပေါက်နား အကြည့် ​ကျွန်​တော့်ရင်ထဲထိတ်ခနဲခုန်သွားမိတယ် အဘယ်​ကြောင့်​ဆို ကျွန်​တော့်မျက်လုံးဝိုင်းဝိုင်း​လေးနဲ့ အကြည့်ချင်းဆုံမိလို့ပါ

ကျွန်​တော် ​ကောင်က​လေးကို ​တွေ့​တွေ့ချင်း အ​ပြေးတစ်ပိုင်း သူတို့ဆီကျွန်​တော်သွားလိုက်တယ် ပြီး​တော့ သူ​လေးက ​ဘောပင်​လေးကမ်းရင်း ​ကျေးဇူးတင်​ကြောင်း​ပြောတယ်

ကျွန်​တော်လဲ သူတို့​လေး​တွေကို မသိချင်​ယောင်​ဆောင်ရင်း ကျွန်​တော့်ကိုမည်သို့သိ​လေသလဲလို့ ​မေးခွန်းထုတ်လိုက်တယ်ဆိုရင်ပဲ သူ​လေးရဲ့ဝိုင်းစက်တဲ့မျက်လုံး​​က​လေးတွေက ထပ်ဆင့်ပိုပြူးကျယ်သွားပြီး ပါးစပ်​လေးက ဟပြီး​ယောင်လည်လည်​လေးဖြစ်​နေသည့််အပြင် သူ့ပါး​လေး၂​ဖက်က အနည်းငယ်ပန်း​ရောင်တန်း​နေတာ သူ​​လေး​ရော သိနိုင်ပါလိမ့်မလား

ထိုအချိန်တွင် သွားကြီးကြီး​လေးနှင့်သူ့သူငယ်ချင်းက အကျိုးသင့်အ​ကြောင်းသင့် ကျွန်​တော့်ကိုသူတို့မသိသလို ​ပြောပြတတ်သားဗျ ဒီက​လေး​လေး​တွေကတကယ်မလွယ်လှပါ

ပြီး​နောက် ကျွန်​တော့်အားနှုတ်ဆက်ပြီး ချက်ချင်းလှည့်ပြန်မည့်​ခြေလှမ်း​​တွေကို ကျွန်​တော်တားဆီးချင်သည်မို့ ကျွန်​တော့်ဘက်က ထိုက​လေး​လေး​တွေအ​ကြောင်း အ​မေးစကား​လေးများဖြင့်အစချီခဲ့တယ်

ကျွန်​တော်လဲသိချင်သည့်​မေးခွန်းမို့ "ဘယ်​မေဂျာ""ဘယ်အတန်း"များလဲဟု​မေးလိုက်မိသည် တကယ်ဆို ကျွန်​တော်ကမည်သူ့အ​ကြောင်းတစ်စုံတစ်ရာကိုမျှစိတ်မဝင်စားမိပါ ကိုယ်နှင့်လဲဆိုင်သည်မှမဟုတ်သည်ပင်

အခု​တော့များကျွန်​တော်နဲ့ဆိုင်လာ​လေပြီ တစ်နည်းအားဖြင့် စိတ်ဝင်စားလာမိပြီ မင်း​လေး​ကြောင့်ပါ ဒါ​တွေက မင်း​လေး​ကြောင့် ကိုယ့်ရဲ့မသိမသာ​ပြောင်းလဲလာမှု​တွေဟုဆိုနိုင်​ပေလိမ့်မည်

ထိုလူကြီးWhere stories live. Discover now