Unicode
ထိုလူကြီး အပိုင်း(၆)
"မွန်း ငါတို့စာကြည့်တိုက်သွားတဲ့နေ့က ကိုကြီးကလေ ဒီနေ့နေ့လည် ကန်တင်းမှာမုန့်အတူစားဖို့ ဖိတ်ထားတယ် နင်လိုက်မယ်မလား"
"ငါမအားဘူးဟ စာကြည့်တိုက်သွားရအုံးမယ် သန့်စင် presentationကလည်းနီးပြီမလား"
"အေး ဟုတ်သားပဲ ကိုကြီးနဲ့ကန်တင်းမှာတွေ့ဖို့ ငါဖျက်လိုက်ရမလား"
"မဖျက်ပါနဲ့ နင့်ကိုချိန်းတာမလား ငါမပါလဲသွားတွေ့ပါ"
"ဟို...."
"ဟိုတွေဒီတွေလုပ်မနေနဲ့ နင်တွေ့ချင်ရင်သွားတွေ့လိုက်"(လူသားဆန်ပလိုက် 😛)
တကယ်တော့ ကျွန်တော် စာတွေစုပြီးပါပြီ စာကြည့်တိုက်က မသွားလဲဖြစ်သော်လည်း ကျွန်တော်ထိုလူကြီးနှင့်မတွေ့ချင်၍ အကြောင်းပြလိုက်ခြင်းသည်သာ
ကျွန်တော်ထိုလူကြီးကို ကြောက်သည်။ကျွန်တော်လေ ထိုလူကြီးရဲ့အကြည့်စူးစူးတွေနှင့် ဆုံမှာကြောက်မိသည်။နောက်ပြီး သူ့ပါးချိုင့်တွေကို စွဲလန်းမိမှာကြောက်မိသည်။သူကျွန်တော့်ကို အနည်းငယ် စကားလေးဆိုရုံဖြင့် ကျွန်တော်မျှော်လင့်နေမိမှာကြောက်မိသည်။ကျွန်တော်တို့က မဖြစ်နိုင်သလို ထိုလူကြီးကလဲ သန့်စင်ကိုသာ ချဥ်းကပ်မှန်းသိနေသည်မို့ ကျွန်တော့်ဘက်က ပိုသာစွာ နစ်ဝင်မိမှာကြောက်မိသည်။ထို့ကြောင့် ကျွန်တော်ထိုလူကြီးနှင့် မဆုံတွေ့မှ ပိုကောင်းပေလိမ့်မည်။
ကျွန်တော်တွေဝေနေမိတယ် ။ရှေ့ဆက်မတိုးရဲတော့ နောက်ဆုတ်ဖို့ခြေလှမ်းတွေကို ပိုရွေးချယ်မိတယ်။ကျွန်တော့်ရင်ထဲမှာတဆစ်ဆစ်နာကျင်နေတဲ့ ဒဏ်ရာကို ဘယ်သူမှမပြချင်ဘူး။တစ်ဖက်မှာလဲ သူ့ဆီအပြေးလှမ်းသွားချင်မိပြန်တယ်။တစ်ဖက်သတ်ဆိုတာမျိုးက လားလားမှမကောင်းပါလားနော်။"ကျွန်တော်ထိုလူကြီးကို ချစ်နေမိပြီလား"
......................................................................
"အစ်ကို ရောက်နေတာကြာပြီလား""နည်းနည်းပါ"
"Sorryပါနော် မွန်းလေးကိုခေါ်နေတာနဲ့ ကြာသွားတာ"
YOU ARE READING
ထိုလူကြီး
Romanceသူငယ်ချင်းရဲ့ တစ်ဖက်သတ်ကြိုက်နေသူကို ကျွန်တော့်ဘက်က စအရောဝင်ရတာ မဝံ့မရဲဖြစ်လှသည် Start 》》3.11.2021 End 》》 13.12.2021