Arc(6.5)

6.5K 714 26
                                    

ရှဲ့လီဖုန်း သည် Green Light Hospital ထဲဝင်သွားသော ယွီယွမ်  နောက်ကို တိတ်တိတ်လေး လိုက်ခဲ့လိုက်သည်။

"ဘာလဲ သူ ဘာ့ကြောင့် အဲ့ဒီ သားဖွားမီးယပ် ဌာနဘက်ကို သွားရတာလဲ ''

မကြာခင် အတွေးပေါက်သွားသည့် ရှဲ့လီဖုန်းက ဂုဏ်ယူစွာ ပြုံးလိုက်သည် ။

....................

'Kitty ငါ မစစ်တော့ဘူး ဒီအတိုင်းပဲ ဆီးစစ်တံဝယ်လိုက်တော့မယ် '

ဆရာဝန်နဲ့ စမ်းသပ်ကြည့်တာမျိုးလုပ်ဖို့ တွေဝေနေသည့်အပြင် ရှက်သလိုလိုခံစားချက်ကြောင့် ရှောင်းကျန့်က Kitty ကို မျက်နှာငယ်စွာ ပြောလိုက်သည် ။

' အင်း သခင့်သဘော '

ရှောင်းကျန့်သည် Kitty ကို ပွေ့ကာ ထိုဆေးရုံထဲမှ ထွက်ခဲ့လိုက်သည်။ ဆေးရုံ  အပြင်က ဆေးဆိုင်တစ်ခုမှာ လိုချင်တာ ဝယ်လိုက်ပြီး အိမ်ပြန်ဖို့ Taxi စောင့်နေလိုက်သည်။

ကားမောင်းလိုင်စင်မရှိသေးတဲ့ ယွီယွမ်ကို လုသခင်ကြီးက အိမ်ကနေအကြိုအပို့လုပ်ပေးတာဖြစ်သည့်အတွက် ဆေးရုံကိုလာခဲ့တုန်းက ကျောင်းရှေ့မှာရှိတဲ့ အငှားကားနဲ့ လာခဲ့တာဖြစ်သည်။

အခုလည်း သူကားငှားရအုန်းမည်။ သို့ပေသည့် ကားတွေက ရပ်မပေးကြပေ။

' kitty ကားတွေက ရပ်မပေးကြဘူးနော် သူတို့က ငါ့ကို အလကားလိုက်စီးမယ်ထင်နေတာလားမသိဘူး ''

Kitty က လူတွေရှိနေတာကြောင့် အသံထွက်မပြောဘဲ စိတ်နဲ့ဆက်သွယ်လာသူကြောင့် မျက်လုံး လှန်ကြည့်လိုက်သည်။

သူ့မှာလည်း နေပူဒဏ်ကြောင့် စိတ်ညစ်နေရသည်မို့ သခင့်ကို ကိုယ်ချင်စားကြောင်း ပြောလိုက်သည် ။

'Kitty ငါ မူးလာပြီ '

ပြောတဲ့စကား တိုတိုလေး အဆုံးမှာ ရှောင်းကျန့်က မျက်စိတွေပြာဝေကာ လဲကျသွားသည် ။ ဒါပေသည့် သူ့အား လူတစ်ယောင်က လာပြီး ထိန်းပွေ့လိုက်တာကိုတော့ သူခံစားမိလိုက်ပါသည်။

...................

ယွီရန်သည် သူမကြားလိုက်ရသည့် သတင်းကြောင့် ဒေါသတွေထွက်နေသည်။

Peculiarly System [Completed ]Where stories live. Discover now