Arc(8.10)

3.7K 468 15
                                    

" အဒမ်..အယ်လာနဲ့ တွေ့မိသေးလား ''

ပါးတစ်ဖက်ကို မွှေးကြူလိုက်ရင်း မေးမြန်းတော့ ပေါင်ပေါ်မှာ ထိုင်နေတဲ့ ကလေးငယ်က မျက်နှာလေးမော့ချီကာ ပြန်ဖြေလာ၏။

" ဟင့်အင်း.. Luna villa ကိစ္စ ပြီးကတည်းက မတွေ့ဖြစ်တာပဲ..''

" အင်း.. သူဘယ်ရောက်နေတာပါလိမ့် ''

" ဘာလဲ.. ခင်ဗျား..သူ့ကို လွမ်းနေတာလား''

. ဒါသဝန်တိုနေတာလား...ချစ်လိုက်တာနော် ဘယ်လိုလေးလဲမသိဘူးကွာ ..အသည်းတွေယားလာပြီ

ဂျိုးဇက်ပ်က အဒမ်ရဲ့ ကိုယ်လေးကို တင်းကျပ်စွာ ဖက်လိုက်သည်။

" မဟုတ်ပါဘူး ကလေးရာ သူ့ရဲ့ ဘဝကူးကောင်းဖို့အတွက်လည်း..လုပ်ပေးရမယ်မလား...ကလေးပဲ သူမဘဝကူးမှကိုယ်နဲ့လက်ထပ်မှာဆို...''

ပြောရင်း ကလေးငယ်ရဲ့ နူတ်ခမ်းဖူးလေးကို ငုံထွေးစုပ်ယူပြီး အနမ်းတွေကြာရှည်စေသည်။

" .....''

အဒမ်က ငြိမ်သက်နေပြီး..Kitty ကိုဆက်သွယ်ကြည့်လိုက်သည်။

' kitty လာခဲ့ မေးစရာရှိတယ် '

အံမယ်..လင်ရသွားတော့..လေသံကတစ်မျိုး..ငါ့ကို သူမွေးထားတဲ့သားလို့ထင်နေတာလား..။ဟွန့်..။

' ပြော..ဘာလဲ '

' မင်းဘယ်တွေပျောက်နေတာလဲ..ငါက မင်းကို သေနေပြီ ထင်တာ '

' ပို့သတဲ့ မေတ္တာတွေကြောင့် ဒေါင်ဒေါင်မြည်နေတာပဲ စမ်းကြည့်ချင်လား '

' သေချင်းဆိုးလေး ငါ့ကိုရွဲ့တာလား '

' မရွဲ့ပါဘူး ဒဲ့ပြောတာ ဒါနဲ့ ဘာကိစ္စရှိလို့?'

' အာ..ဟိုသရဲမ ​..အယ်လာ..သူမ..သူမ ဘယ်ရောက်နေတာလဲ မင်းသိလား '

' မသိဘူး..'

ဘေးနားကနေ နှာခေါင်းသွေးတွေလျှံရက်နဲ့ လင်လင်အတွဲကို ပြူးကြည့်နေတဲ့ သရဲမကို မမြင်ချင်ယောင်ဆောင်ကာ ဖြေလိုက်သည် ။

' အော် သူမဘယ်ရောက်နေတယ်လို့ မင်းထင်လဲ '

' မသိဘူး '

Peculiarly System [Completed ]Where stories live. Discover now