Arc(9.4)

3.9K 465 18
                                    


" အား!!! "

အာဗြဲကြီးနဲ့ ထအော်လာတဲ့ အထူးအဆန်းလေးကြောင့် ချာလိန်းလန့်နိုးလာတယ်။ သူမက ကျောက်ခုံမြင့်မှာအိပ်နေရာကနေပြုတ်ကျသွားလောက်တဲ့အထိ အထူးအဆန်းလေးရဲ့ အသံက စူးရှနေတယ်။ ချာလိန်းက နာသွားတဲ့ခါးလေးကို အသာပွတ်ပြီး အထူးအဆန်းလေးကို စိုက်ကြည့်ပေးလိုက်တယ်။

ကြောက်သွားပါစေ ဆိုတဲ့အတွေးနဲ့။ အဟမ်း..မထင်မှတ်ဘဲ အထူးအဆန်းက ထအော်ပြန်တယ်။

" မားမီး...ဘာကြီးလဲ ဆန်းကျယ်လိုက်တာ မိန်းကလေးတန်မဲ့ ကိုယ်တုံးလုံးကြီး...အား!!!''

" တိတ်တော့ နားငြီးလို့ ''

ချာလိန်းက နားကိုပိတ်ကာ တားမြစ်လိုက်တယ်။ ဒီအထူးအဆန်းကဘာတွေပြောနေတာပါလိမ့်။

" ဘာဖြစ်နေကြတာလဲ ''

ရှေ့ဆင့်နောက်ဆင့်ထွက်လာတဲ့စကားကြောင့် ရှောင်းကျန့်တွေးလိုက်တယ်။

ဒီနေရာမှာ သူနဲ့ ကိုယ်လုံးတီးမိန်းမနဲ့ နှစ်ယောက်တည်းမဟုတ်ဘဲ တတိယလူရှိနေသေးတာပဲလို့။

" ခင်ဗျားကဘယ်သူလဲ ''

ဖြူစွတ်နေတဲ့ဂုတ်ထောက်ဆံပင်ကောက်ကောက်နဲ့ မျက်ခုံးတန်းတန်း၊ နှာတံစင်းစင်း နူတ်ခမ်းမထူမပါးလေးနဲ့ ဒီရေသူထီးက သိပ်ကြည့်ကောင်းတာပဲ။ အမြီးစိမ်းပြာရောင်ကကြည်တောက်နေပြီး သိပ်လှလွန်းတယ်။

" ကိုယ်က ဗစ်တာ.. လူသားလေးကြားဖူးတဲ့ ပုံပြင်တွေထဲက ရေသူမျိုးနွယ်ပါ ''

" သူကြည့်ရတာ သိမယ့်ပုံမပေါ်ပါဘူး ''

မောင်ဖြစ်သူကို ငမ်းကြောထနေသည့် အထူးအဆန်းလေးကို ချာလိန်းက ရွဲ့ပြီး စောင်းမြောင်းပြောဆိုတယ်။ ဒါပေမယ့် သူမပုံစံက အထူးအဆန်းလေးကို မုန်းတဲ့ပုံတော့မဟုတ်ဘူး။ ချစ်စနိုးနဲ့ စနောက်နေပုံမျိုးပဲ။

ရေသူထီးအချောလေးရဲ့စကားကို ကိုယ်လုံးတီးမိန်းမလေးက ဝင်ထောက်တာမို့ ရှောင်းကျန့်ကတော့ မျက်မှောင်ကျုံ့ပြီး အကဲခတ်တယ်။

" ခင်ဗျားတို့က မောင်နှမတွေလား ''

" အင်း သူက ကိုယ့်အစ်မလေ ချာလိန်းတဲ့''

Peculiarly System [Completed ]Where stories live. Discover now