Arc(12.8)

3K 376 25
                                    

ထထွက်သွားတဲ့ဘန်ကို နှမြောတသကြည့်နေရင်းမှ ဂျက်ဖရီကသက်ပြင်းလေးချရင်း အန်ဒရူးကို စိတ်လေစွာ ကြည့်လိုက်သည်။

" ဗန်ပိုင်းယားစုတ် ၊  ဘန်က ငါ့ကို လက်မထပ်တော့ဘူးတဲ့  အဲ့တာ မင်းကြောင့် ''

" မင်းလည်း ကျားစုတ်ပဲကွ ၊ မင်းကြောင့် ဘန်ကငါ့နောက်ကို မလိုက်တော့ပါဘူး ဆိုပြီး အငြင်းစကားတွေထွက်လာတာလေ ''

ဘန်ကိုအကြောင်းပြုပြီး ပြဿနာဖြစ်နေသော ယောက်ျားနှစ်ယောက်သည် အတောမတတ်နိုင်တဲ့ စိတ်အခန့်မသင့်မှုတွေကြောင့် တိုက်ခိုက်ဖို့ စိန်ခေါ်ကြတော့မည့်အလား။

" မင်းသေရင်သေ ၊ မင်းမသေရင်..မဟုတ်သေးဘူး မင်းသေမှဖြစ်မှာ ဖုတ်ကောင်ကြီး ''

ဂျက်ဖရီရဲ့ စကားကြောင့် အန်ဒရူးက  ရှုးရှုးရှားရှားနဲ့ ပြန်ပြောပြန်သည်။

" အောင်မယ် ငါက ဘာလို့သေရမှာလဲကွ သေချင်းသေ မင်းပဲသေရမှာ ''

" အော်အော်.. ဟုတ်သားပဲ ၊ မင်းက သေပြီးသားဖုတ်ကောင်ကြီးလေ ၊ အဲ့တာကြောင့် သွေးမရှိသလို ဖြူဖျော့နေတာ ''

" ဂျက်ဖရီ မင်းစကားတွေလွန်နေပြီ ''

" အဲ့တော့ ဘာဖြစ်လဲ ၊ မဟုတ်လို့လား ပြော ''

" အေး ၊ အဲ့ဒီဖုတ်ကောင်က မင်းရဲ့ဂုတ်သွေးကို အခုချက်ချင်းထပြီး စုပ်ပစ်လို့ရတယ် ''

" လာလေ..ငါက ငြိမ်ခံနေမယ်ထင်နေလား ''

ဘုရားစူး ၊ ဒါက တစ်ယောက်တည်းရဲ့ ဝိညာဉ်အသိနှစ်ခုပါတဲ့။
အတော်ကိုသင့်မြတ်နေကြတာပါလားနော် လို့ ချီးမွမ်းထောပနာပြုလိုက်ချင်ပါဘိ။

ရှောင်းကျန့်လေးက kitty ရဲ့ အကူအညီနဲ့ ထိုဝိညာဉ်နှစ်ခုပြောနေတဲ့စကားတွေကို နားထောင်ကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။

' Kitty '

' ဟုတ်ကဲ့  Host '

' ဒီကမ္ဘာမှာတော့ ငါ မစ်ရှင်ရှုံးတော့မယ်ထင်တယ်'

' အင်း 99.9% ကိုသေချာနေပါပြီ '

ဘန်က အသက်ရှည်ချင်တယ်၊ ချစ်တဲ့သူနဲ့ပေါင်းချင်တယ်တဲ့။

Peculiarly System [Completed ]Where stories live. Discover now