ပျံ့လွင့်လာတဲ့ ဆွဲဆွဲငင်ငင်ခွေးအူသံစူးစူးက Lunar Villa အနီးမှာ ပဲ့တင်ထပ်လျက်။
လရောင်ဖြာနေသော်လည်း သစ်ပင်သစ်ခက်တွေကြား အရိပ်ကျနေသော Luna Villa က သိပ်လှတဲ့ မကောင်းဆိုးဝါးအမျိုးသမီးငယ်လေး ငုတ်တုပ်ထိုင်နေသည့်အလား ။
ခြံဝန်းထဲမှာ ခြေချမိတော့ ပြင်းထန်သည့် လေအဟုန်က အမွှေးနံ့တစ်ခုကို သယ်ဆောင်ပြီး တိုက်ခတ်သည်။
ထိုစဉ် တစ်ဆက်တည်းမှားပဲ အဆီအငေါ်တည့်မတ်စွာ ကြားလိုက်ရသည့် Piano သံက နားထဲကို အလုအယက်တိုးဝင်လာသည်။
Piano ကိုကျွမ်းကျင်စွာတီးခတ်နေသူက အဘယ်ကလဲ မမေးပါနဲ့ ။ Luna Villa ရဲ့ အတွင်းက တစ်စုံတစ်ဦး၏ တီးခတ်နေခြင်းဖြစ်ပါလိမ့်မည်။" ဟူး..ဟူး..ဟူး....ဟူး..ဟူး..''
တေးသွားက ဆွေးမြေ့စွာပင် Piano သံနဲ့ အပြိုင် ထွက်ပြူလာသည်။ ခွေးအူသံတွေကလည်း ရုတ်ချည်း ရပ်တန့်သွားရ၏ ။
တဖြောက်ဖြောက်မြည်သံပေးကာ ကျဆင်းလာတဲ့ အရည်တွေက ပူနွေးနေတာကို Adam ခံစားမိလိုက်ရသည်။ Maple ကို ကြောက်နေလေမလားလို့ အတွေးနဲ့ကြည့်လိုက်တော့ ဘေးနားကနေ သူမက တည်ငြိမ်စွာပင် Luna Villa ကို စူးစိုက်ကြည့်နေသည်။
"Maple...''
" အင်း Adam ဘာလဲ ''
" ငါတို့ Villa ထဲဝင်ကြည့်ကြမယ် မင်းကြောက်နေလား ''
" ဟင့်အင်း.. ငါမကြောက်ပါဘူး Adam..နင်တစ်ယောက်လုံးငါ့အနားမှာရှိနေတာပဲ ''
" အင်း ''
ဗီလာရဲ့ တံခါးချပ်နှစ်ခုက တော်ဝင်မဟုတ်သော်ငြား..အထက်တန်းဆန်ဆန်လှပနေသည်။ Adam က တံခါးချပ်နှစ်ခုကို အသာ တွန်းဖွင့်လိုက်သည့် အခါ အတွင်းထဲက မြင်လိုက်ရတဲ့ လှပတဲ့အပြင်အဆင်တွေကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ဒါက သရဲခြောက်တဲ့အိမ်လို့ပြောရင် ဘယ်သူက ယုံကြည်မှာလဲ ။
ဘုရားစူး သရဲခြောက်တဲ့အိမ်ပါနော် တကယ်ပါ။
လှပတဲ့ ပန်းမီးဆိုင်းက အလင်းဖြာနေကာ ဆိုဖာနဲ့အခြားသောအသုံးအဆောင်တွေက ပြောင်လက်တောက်ပပြီး လူတွေနေတဲ့အိမ်ထက်တောင်သပ်ရပ်နေလေသည်။
CZYTASZ
Peculiarly System [Completed ]
RomansStart date ... September 17 .2021 End date .....July 30.2023 System ဆိုတာ စိတ်ကူးယဉ်ကမ္ဘာတဲ့ သူကပြောတယ် ငါ့အတွက်တော့ သူက ကြောက်စရာကောင်းတဲ့ Vicious System ပဲ Xiao Zhan ❌ IT'S NOT TRANSLATION . ❌