Arc(6.6)

6.5K 695 18
                                    

" အာ လွှတ်ပါအုန်း ဟိုမှာ ကြောင်ကြည့်နေပြီ ''

"ဘယ်သူကကြောင်ကြည့်နေတာလဲ ကိုယ့်အခန်းထဲ ဘယ်သူခိုးဝင်...''

အခန်းထဲကို ဝေ့ဝဲကြည့်လိုက်မှ လီဖုန်းက အမွှေးစုတ်ဖွားဖွားနဲ့ ကြောင်လှလှလေးကိုမြင်လိုက်ရသည်။

သူ့ကိုလည်း ကြောင်က စကားပြောနေသည့်အလား တညောင်ညောင်အသံပေးကာ ကြည့်နေသေးသည်။

" Kitty  လာ ငါ့ဆီ ''

ယွီယွမ် ရဲ့ရင်ခွင်ထဲမှာ မိန့်မိန့်ကြီးပြုံးကာ ဝင်ထိုင်လိုက်တဲ့ Kitty ဆိုတဲ့ ကြောင်စုတ်ကို လီဖုန်းက အမြင်သိပ်မကြည်။

ဒါပေမယ့် ကြောင်က လှတာတော့ ဝန်ခံရပေမည်။ အင်း သခင် နဲ့ တူနေလို့ဖြစ်လိမ့်မယ် ။

လီဖုန်းရဲ့ အတွေးကိုဖတ်လိုက်ရတဲ့ Kitty က သွေးအန်ချင်စိတ်ဖြစ်သွားသည်။

ဘယ်နှယ့် ငါ့ဟာငါ Update မြှင့်လို့လှတာလေ သခင်အကွေးလေးကို တူလို့တဲ့လား။

ဟွန့် ငါက သခင့်ထက်လှတယ်နော် မှတ်ထား ။

Kitty မှာ ကြောင်မျက်စောင်းတွေပစ်ကျွေးပြီး ရှဲ့လီဖုန်းကို နှာကစ်နေမိသည်။

'သခင် ငါ ဗိုက်ဆာနေပြီ '

အဓိကအကြောင်းအရာကိုမေ့တော့မလိုတောင်ဖြစ်သွားသေးသည်။ သတိရမှ သခင့်ကို စိတ်နဲ့ဆက်သွယ်လို့ ပြောပြလိုက်ရသည်။

' အာ ဟုတ်သား မင်းကို ဘာမှ မကျွေးရသေးဘူး ငါသတိရပါတယ် မင်းကို ကျွေးဖို့ အဟဲ   '

'သတိရလို့သာ တော်သေးတယ် '

Kitty က ရွဲ့ပြောလိုက်သည်။ ရှောင်းကျန့်ကတော့ Kitty နားရွက်ကိုဆွဲကာ အသာလေးနိုပ်စက်ပေးလိုက်သည်။

" လီဖုန်း ငါဗိုက်ဆာနေပြီ ပြီးတော့ ငါ့ကြောင်လေးရောပဲ ''

" ကြောင်စာတော့ အိမ်မှာကြောင်မရှိလို့မဝယ်ထားရဘူး ကလေးအတွက်တော့ ရှိတယ် လူကိုစားမလား အချစ်ကိုစားမလား ဘာစားချင်လဲပြော ''

Kitty မှာ ဒီကမ္ဘာရောက်မှ အရင်ကထက် ၃ဆလောက် ဖင်ကျယ်လာတဲ့ အစ်ကိုရိပေါ်ကို ဒေါခွီး နေတော့သည်။

Peculiarly System [Completed ]Where stories live. Discover now