အန်နာက အလွှာအထပ်တွေအများကြီးပါတဲ့ အဖြူရောင်ဇာဂါဝန်ကိုဝတ်ဆင်ထားပြီး မင်္ဂလာပွဲခန်းမရှေ့မှာ လှလှလေးပြုံးရယ်ကာ ရပ်နေသည်။
နှင်းဆီဖြူ ပွင့်ဖပ်တွေကို ကျဲဖြန့်ပေးနေတဲ့ မိုးပြာရောင်ဘက်ရောက်လုလု အဖြူရောင်ဝတ်စုံနဲ့ ဘန်က လည်း ချစ်စဖွယ်ပြုံးရယ်ပြီး တစ်လှမ်းချင်း ဝင်လာခဲ့သည်။
" ဘန်..ဒယ်ဒီ့ရဲ့ဘန်လေး ''
တိုးညှင်းစွာ ရေရွတ်လိုက်သူ၏ အသံက ဘန်၏ နားထဲကို တုန်ခါဝင်ရောက်လာခဲ့သည်။
အန်..အန်ဒရူး ဖုတ်ကောင်ကြီး.. ဒီကိုရောက်နေတာလား ။
ဘန်ရဲ့ရင်ထဲမှာ တုန်လှုပ်သွားကာ လက်ဖဝါးတွေအေးစက်လာတော့သည်။
တစ်လျှောက်လုံး အကဲခတ်နေတဲ့ ဂျက်ဖရီက ဘန်ကို ကြည့်ကာ ရင်ထဲတစ်မျိုးဖြစ်သွားသည်။
ဘန်ကို တခြားတစ်ယောက်က လုယူတော့မယ့်ခံစားချက်မျိုးသည် နောက်ကျောအထိ စိမ့်ဝင်သွားသလိုပင်။
သာမန်မဟုတ်တဲ့ တစ်ဖက်ရန်သူကို သူသတိထားမှဖြစ်တော့မည်။
အနားကို ဘန်ရောက်လာတဲ့အခါ အမူအရာမပျက် ပြုံးပြလိုက်ပြီး ခါးသိမ်သိမ်လေးကိုဆွဲဖက်လိုက်ရင်း စူးစူးဝါးဝါး ကြည့်နေမယ့်မျက်ဝန်းတစ်စုံကို လိုက်ရှာနေမိသည် ။
တစ်နေရာအရောက်မှာ ဂျက်ဖရီက မျက်မှောင်တွေတွန့်ကျိုးပြီး မျက်လုံးအကြည့်တွေပါ စူးရဲလာတော့သည်။
" ဂျက်ဖရီ.. ဂျက်ဖရီ ဘာဖြစ်နေတာလဲဟင် ''
" အာ..ဟင့်အင်း ကိုယ်ဘာမှမဖြစ်ဘူး ဘန် ''
ဘန်က အကဲခတ်သလိုကြည့်နေပေမယ့် ဆက်လက်ပြီးတော့မေးမြန်းလာခြင်းမရှိတာမို့ သက်ပြင်းလေးအသာချလိုက်သည်။
တစ်ဖက်က သွေးစုတ်ဖုတ်ကောင်အနွယ်တော် အိမ်ရှေ့ကိုယ်တော်အန်ဒရူး၏ ခနိုးခနဲ့အပြုံးကိုလည်း စိတ်တိုလွန်းလို့ ဂျက်ဖရီက ဆက်မကြည့်တော့ဘဲ မျက်နှာလွှဲလိုက်သည်။
........
" ဂျက်ဖရီ..ကျွန်တော့်ကို မညာပါနဲ့..အမှန်အတိုင်းပြော ၊ ခုနက ပွဲခန်းမထဲမှာ ဂျက်ဖရီ စိတ်တိုနေတာ ကျွန်တော်ခံစားမိတယ် ''
YOU ARE READING
Peculiarly System [Completed ]
RomanceStart date ... September 17 .2021 End date .....July 30.2023 System ဆိုတာ စိတ်ကူးယဉ်ကမ္ဘာတဲ့ သူကပြောတယ် ငါ့အတွက်တော့ သူက ကြောက်စရာကောင်းတဲ့ Vicious System ပဲ Xiao Zhan ❌ IT'S NOT TRANSLATION . ❌