Arc(8.5)

4.4K 536 10
                                    

Kitty သည် မျက်နှာမှုန်ကာ နူတ်ခမ်းစူလျက် ထိုင်နေသည် ။

အခု သူက ကောင်းကင်တံတားနားက ရေလယ်နန်းဆောင်မှာ ရောက်နေတာဖြစ်ပြီး သူ့မျက်စိရှေ့က မျက်နှာလှလေးကို နှာခေါင်းရှုံ့ပြီး ကြည့်နေတာ ဖြစ်သည်။

လီမုရုံ..။ ယောကျာ်းလားမိန်းမလားမသဲကွဲသော နတ်တစ်ပါး..။
ဘာလို့အဲ့ဒီလိုပြောတာလဲဆိုရင်တော့... အကြောင်းရှိပါတယ် ။

လှပဖူးညွန့်နေတဲ့ မျက်နှာလေးနဲ့ ချစ်စရာကောင်းသောအေးချမ်းလှပသည့်အပြုံးပိုင်ရှင်လေးလီမုရုံက မိန်းကလေးလို့ပြောရအောင်လည်း အမို့အမောက်အကွေ့အကောက်တွေရှိမနေ။ စကားကုန်ပြောမယ် ဆိုရင် အစ်ကိုရှောင်းလိုတောင် မက်မွန်သီး မရှိဘူး..မကိတ်ဘူး..။ အဟမ်း.. ဒါပေမယ့် အစ်ကိုရှောင်းထက်တော့ ခါးပိုသေးတယ်။

ကျားကျားလျားလျားနဲ့ ဒေါသကြီးတယ် ။
လီမုရုံကိုသဘောကျတဲ့နတ်သားတွေ နတ်ဘုရားတွေ နတ်သမီးတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ သတ္တိရှိတယ် ပြောကြပါစေ လီမုရုံနဲ့ တွေ့ရင် ချစ်တယ်လို့ပြောရမယ့်အစား စစ်နတ်ဘုရားလီ နေကောင်းရဲ့လား ဖြစ်ကုန်ကြတာပဲ။

" စစ်နတ်ဘုရားလီ..ဘာကိစ္စရှိလို့လဲ ''

" တန်ခိုးရှင်မော့နဲ့ မင်းကြီးက တွေ့ခိုင်းလို့ပါ ''

" အစ်ကိုရိပေါ်က... ??..''

လီမုရုံက ခေါင်းလေးတဆတ်ဆတ်ညိတ်ကာ ဘေးကကြာပန်းတွေဆီကို မျက်နှာမူသွားသည်။

အစ်ကိုရိပေါ်.. ငါ့ကို ဘာကိစ္စကြောင့် ဒီနတ်ဘုရားနဲ့အတင်းလှော်ပေးနေတာလဲ ။

အခုထိ ငြိမ်သက်နေတဲ့ လီမုရုံကို ငါကဘာကနေဘယ်လိုစပြောရမှာလဲ။

ဘာလားပဲနော် အစ်ကိုရိပေါ်က ငါကို ဒီဘာမှန်းမသိတဲ့ဟာလေးနဲ့ဘာညာကွိကွစေချင်တာလား..ဘာလို့ ချစ်ကြိုက်ရမှာလဲ ငါကအဖြောင့် မိန်းမပဲယူမှာ..။

တွေးလက်စကိုရပ်ကာ လီမုရုံဆီ လှမ်းကြည့်လိုက်သည်။

ရေပြင်ကျယ်ကို လှမ်းငေးနေတဲ့ လီမုရုံက မိန်းမချောချောတာထက်ပိုနေတဲ့အပြင် အေးချမ်းလိုက်တာ ဆိုတာ ။

Peculiarly System [Completed ]Where stories live. Discover now