ခရစ်စတန်ရဲ့ဆန္ဒကဘာဖြစ်ချင်တာလဲ???
အဲ့တာကို သူမသိရသေးဘူးမလား။
Kitty က ဘာမှလည်းမပြောဘူး ။" အသည်း ''
လူတစ်ကိုယ်လုံး ရှိသမျှအမွှေးတွေ ထောင်တက်သွားလေသလားမသိအောင် ချိုပျစ်နေသောအသံကြောင့် ရှောင်းကျန့်လေးက မျက်စိတွေကို ဆတ်ခနဲ ဖွင့်လိုက်သည် ။
" ခ...ခင်..ခင်ဗျား ဘယ်သူလဲ ''
နူတ်ခမ်းမွှေးတွေကို တသသလုပ်နေသော ထိုလူက အသက်၄၀ ကျော်ဝန်းကျင်ဖြစ်ပြီး လက်ရှိ ခရစ်စတန်နဲ့ဆိုရင် သားအဖကဲ့သို့ပင်။
" ကိုယ်က မင်းရဲ့ယောက်ျား တနည်းပြောရရင် မင်းရဲ့လင် ၊ သို့မဟုတ် မင်းရဲ့ခင်ပွန်း ၊ မင်းရဲ့အိမ်ထောင်ဦးစီး ''
" ဘာ!!..ဘယ်လို? ''
" အသည်းက နားမလည်ဘူး ထင်တယ် ၊ အသည်းနားလည်အောင်ပြောရမယ်ဆိုရင် ကိုယ်က အသည်းရဲ့ ဒီနေရာလေးကို ညတိုင်း အဝင်အထွက်လုပ်မယ့် ''
ရှောင်းကျန့်ရဲ့မျက်နှာမှာ ဒေါသကြောင့် နီရဲနေပြီး
ခန္ဓာကိုယ်ရဲ့ မမြင်ကွယ်ရာနေရာကို ပွတ်သပ်ထိုးဆွလာသောလက်ကို ဖယ်ချလိုက်သည်။ရင်ဘတ်က နိမ့်ချည်မြင့်ချည်နဲ့ စိတ်အလွန်ကြီးနေသော ရှောင်းကျန့်က ပြောမရတဲ့အဆုံး စကားကိုဖြတ်ပြောပြီး အော်ဟောက်လိုက်သည်။
" ပါးစပ်ပိတ်ထားစမ်း.. ခင်ဗျားရဲ့ရွံစရာကောင်းတဲ့လက်ကို ဖယ်စမ်းပါ ''
" အိုးဟိုး..အသည်းက ဒေါသတွေကြီးနေတာပဲ ကြောက်လိုက်တာ ''
မထီမဲ့မြင်စတိုင်နဲ့ ဒီလူကို ခရစ်စတန်က ဒေါသတကြီး စိုက်ကြည့်နေမိသည်။
" ခင်ဗျားက ဘယ်သူလဲလို့ မေးနေတဲ့ မေးခွန်းကို ခင်ဗျားနားကန်းနေလို့မကြားတာလား ''
အဟက်.. ။
ဂျိုလိုဒေးဗစ်က စိတ်ထဲကနေ ဟက်ခနဲ တစ်ချက်ရယ်ပြီး ကောင်ငယ်လေးရဲ့မျက်နှာကို ပြန်လည် စိုက်ကြည့်လိုက်သည်။" အဟင်း အသည်းက ကိုယ့်နာမည်ကို အရမ်းသိချင်နေတာလား ''
" အဟွန့် ''
မျက်ခုံးပင့်ပြီး မေးလာတဲ့ ဒီလူတစ်ယောက်ကြောင့် သွေးတက်ပြီး သေရတော့မလို ခရစ်စတန်ခံစားရသည်။
ESTÁS LEYENDO
Peculiarly System [Completed ]
RomanceStart date ... September 17 .2021 End date .....July 30.2023 System ဆိုတာ စိတ်ကူးယဉ်ကမ္ဘာတဲ့ သူကပြောတယ် ငါ့အတွက်တော့ သူက ကြောက်စရာကောင်းတဲ့ Vicious System ပဲ Xiao Zhan ❌ IT'S NOT TRANSLATION . ❌