09

792 131 14
                                    

VIP Room ထဲရောက်သွားတဲ့ဆော့ဂျင်အမေ..
ဆော့ဂျင်သူ့အမေကိုစိတ်ချသွားသည်မို့
နှစ်ခြိုက်စွာအိပ်ပျော်နေမိသည်။

တံခါးကိုမှီနှစ်ခြိုက်စွာအိပ်နေတဲ့
ပေါက်စကောင်ကိုရုပ်ပျက်ဆင်းပျက်ကို
ငမ်းနေတဲ့ကောင်လေးဟာ..လူနာကုတင်ထက်က
ပေါက်စကောင်ရဲ့အမေကိုမသိချင်ယောင်ဆောင်
ထားပုံရတယ်..
ဂျွန်ဂျောင်ကုကဆော့ဂျင်အမေကို
ဘောင်မသွင်းထားပုံ။
မဟုတ်သေးဘူး..ဒါကလေ
နည်းနည်းကသိကအောက်နိုင်တယ်
ဟုတ်တယ်ဟုတ်..အထာမကျစွာငေးနေတဲ့
ကိုယ့်ကိုကိုယ် ဟန်ကိုယ်ကာ ချောင်းဟန့်လိုက်သည်။

အအိပ်ဆက်သည်ထင်..
မျက်လုံးများကိုပွတ်ပြီးနိုးလာသည်။
မဟုတ်ဘူးလေ..ကိုယ်ကနိုးဖို့မရည်ရွယ်ဘူး
ပေါက်စကောင်အိပ်တာကြည့်လို့ကောင်းနေတာ။

ထားပါတော့လေ..

" နိုးပြီဆိုထ သွားမယ် ''

" ဘယ်လဲ... ''

တကယ့်အူကြောင်ကြောင်အရိုးခံရုပ်လေးမို့
အတင်းအဓမ္မသိမ်းပိုက်ရမှာတောင်
အားနာလာသလိုပဲ...။

" ကိုယ့်အိမ်ပေါ့ထ စောင့်နေရတာကို
မုန်းတယ် ''

" ငါကမင်းနဲ့တကယ်လိုက်ရမှာ..ငါ့အိမ်မှာ
ငါ့ဘာသာပဲနေချင်တာ ''

" ခင်ဗျားအမေ့အတွက်ဆေးဖိုးမြောက်မြားစွာ
ကုန်ထားရတာကို ကျုပ်က..ဒီတိုင်းလွှတ်ထား
ရမှာလဲ စဉ်းစား ''

" ငါ ထွက်မပြေးဘူးသေချာပေါက်မင်း..
ပိုက်ဆံပြန်ဆပ်မှာ ''

Jungkook တစ်ယောက်နှုတ်ခမ်းတွေတွန့်ကွေး
စွာပြုံးမိလေသည်..
ကင်မ်ဆော့ဂျင်အကြောတင်းတင်းလေး။

" အိမ်မလိုက်ရင်ခင်ဗျားအမေရဲ့ဆေးဖိုးကို
ပြန်စဉ်းစားရမှာပေါ့..ဒီလောက်ငွေအများကြီးကို
လည်း ခင်ဗျားကိုယုံယုံကြည်ကြည်နဲ့ဘယ်သူ့မှ
ချေးမှာမဟုတ်ဘူး..JeonJungKook ဆိုတဲ့
လူကလွဲရင်လေ အာ့ကြောင့်စိတ်ကူးမလွဲစေချင် ''

Jungkook တစ်ယောက်လက်ပိုက်ကာ
တံခါးကိုမှီပြီးဆော့ဂျင်အခြေအနေကိုအကဲ
ခတ်လျက်...
ဆော့ဂျင်တစ်ယောက်..သူ့အမေကိုငဲ့စောင်း
ကြည့်ရင်း နှာခေါင်းကိုခပ်ဖွဖွပွတ်ကာအကြံ
ထုတ်နေသည်။

FOOL's ParadiseWhere stories live. Discover now