0.17

791 134 25
                                    

JUNGKOOK အိမ်ရောက်တာနဲ့
အနောက်ခန်းထဲကဆော့ဂျင်ကြမ်းတမ်း
စွာဆွဲကိုင်ရင်း..အိမ်ထဲစီတစ်ဇွတ်ထိုး
ဆန်စွာဝင်သွားလိုက်တော့
ဆော့ဂျင်ရုန်းကန်သည်
လက်ကောက်ဝတ်ဖွေးဖွေးမှာဂျောင်ကု
ဖျစ်ညစ်ထားလို့လက်ချောင်းရာတွေ
ရဲတွတ်နေလို့။

Jungkook သူ့အခန်းထဲဆော့ဂျင်ကို
သွင်းလိုက်ပြီး Jungkookရဲ့
မွေ့ရာအမဲပေါ်သို့ဆောင့်တွန်းခြင်းခံလိုက်ရတဲ့
ဆော့ဂျင်.. ဆော့ဂျင်ဒေါသထွက်နေပြီ။

" JEON JUNGKOOK မင်းဘာလဲဟမ်..
မင်းလဲယောကျာ်း ငါလဲယောကျာ်းဘာတွေ
ဖြစ်နေလို့လဲ..ဘ..ဘာလို့ငါ့ကိုလွှမ်းမိုးနေတာလဲ "

အိပ်ယာပေါ်မှကုန်းရုန်းထရင်း
SeokJinအော်သည်..Jungkookဘာမှမဖြေ
အလျှော့လဲမပေးပါ ဆော့ဂျင်ကို
ကုတင်ပေါ်ပဲတွန်းချသည်။

Seokjin ကတွန်းဖယ်လိုက်
JEON ကတွန်းချလိုက်နဲ့ နှစ်ယောက်သား
ရုန်းရင်းဆန်းခတ်ဖြစ်နေလို့။

SEOKJIN က Jungkookရဲ့
နွေးထွေးလှတဲ့ coatကိုဝတ်ထားရပေမယ့်
Jungkookမှာတော့စိုရွဲနေရင်းနှုတ်ခမ်းတွေပါ
တုန်ယင်လာသည်။

ရုန်းနေတဲ့ဆော့ဂျင်နှုတ်ခမ်းသားကို
Jeonလှမ်းနမ်းရင်းငုံထွေးကာ ပါးပြင်ထက်
မျက်ရည်စလေးများအနည်းငယ်ခနေသည်ကို
သည်းငယ်မသိပုံ..။

အားပျော့သွားတဲ့ JEON ကို
Seokjin သူ့အောက်ပို့လိုက်ရင်း
အကျ..ကော်လံစကိုဆွဲကိုင်ရင်းမျက်နှာ
ချောချောကို အားမနာစွာထိုးနေသည်။

" ငါ့ကို..ပြိုလဲအောင်လုပ်မနေနဲ့
JeonJungKook မင်းကြောင့်..င..ငါ
Soominအပေါ်သစ္စာမဖောက်နိုင်ဘူး "

JEON တစ်ချက်မှမရုန်းဆော့ဂျင်ထိုးချက်များ
ကိုကျေနပ်စွာခံယူရင်းယဲ့ယဲ့လေးပြုံးသည်။

ကိုယ်ကတော့ပြိုလဲနေပြီအချစ်ရယ်...

SeokJin ထိုးလို့အားရသွားတော့
ဂျောင်ကုကိုဆောင့်တွန်းပြီး
တံခါးကိုသည်းသည်းမဲမဲသွားဖွင့်သည်။

Jungkook နှုတ်ခမ်းထောင့််ကစီးကျလာသည့်
သွေးများကိုသုတ်ရင်း အိပ်ရာဘေးက
စာပွဲပေါ်က ပန်းအိုးကိုဆုပ်ကိုင်ကာ
ဖြည်းညင်းစွာထရင်း..အနောက်ကို
အာရုံမရှိတဲ့သည်းငယ်စီတရွေ့ရွေ့တိုးကပ်ရင်း
မျက်လုံးစုံမှိတ်ကာ သည်းငယ်ရဲ့
ခေါင်းကိုပန်းအိုးနှင့်ရိုက်ချလိုက်သည်။

FOOL's ParadiseWhere stories live. Discover now