0.11

753 135 28
                                    

" ပြောတော့ချစ်တယ်ဆို..မောင့်တစ်ယောက်ထဲ
ဆိုပြီးဘာလို့မောင့် သူငယ်ချင်နဲ့အခုလိုမျိုး
ဖြစ်နေရတာလဲဟမ်..ဟန်ယွန်းမီ ''

" မောင်ထင်သလိုမဟုတ်တာမို့..
ယွန်းမီရှင်းပြတာနားထောင်ပါနော် ''

" လုံးဝမကြားချင်ဘူး မင်းငါ့အိမ်ပေါ်ကဆင်း ''

Seokjin ကောင်မလေးကို ဆောင့်တွန်း
လိုက်လေသည်။

" Cut ! ဒီနေ့တော့ဒီလောက်ပါပဲ ''

ဆော့ဂျင်မနက်ခင်းထဲကမနားရ
အခုမှသက်ပြင်းချမိသည်။

စိတ်ပင်ပန်းလူပင်ပန်းလျက်ပါ..
စိတ်ပင်ပန်းသည်မှာသူနဲ့မဆိုင်ပဲရိုက်ကွင်းမှာ
လာထိုင်စောင်နေတဲ့ Mr.Jeon ဆိုသည့်
Jeon Jungkookကြောင့်
အမြဲတမ်းသူအရမ်းချုပ်ချယ်တယ်။

" လာ..သည်းငယ် ''

Seokjin တစ်ယောက်သက်ပြင်းဖွဖွချမိပြန်သည်
လူကိုပိုင်ဆိုင်ကြောင်းခနခနပြတတ်သည်
သူဖြစ်ချင်ပြီဆိုဘယ်သူမှဂရုမစိုက်တတ်ပါ။

Seokjin မသိချင်ယောင်ဆောင်ပြီး
အဝတ်ပြန်လဲဖို့ထွက်လာလိုက်သည်။

" Seokjin shi "

အနောက်ကနေ ခေါ်သံကြားလို့
ဆော့ဂျင်လှည့်ကြည့်မိသည် Leo သူက
Second lead တစ်ဉီး အမှန်တိုင်းပြောရရင်
သူကဆော့ဂျင်သာမရောက်လာရင် ခေါင်ဆောင်
မင်းသားဖြစ်မှာ။

" Leo ဘာပြောမို့လဲဗျ "

" Seokjin shi ကိုစကားပြောချင်တာကြာပြီ
ပထမဆုံးပွဲဉီးထွက်မှာတင်ပဲလေပြောစရာကိုမရှိဘူး တစ်ခါလောက်ကျတော်နဲ့ညစာအတူလိုက်စားပါလား ''

" မရဘူး ''

အနောက်ကထွက်လာတဲ့ Jungkook အသံ။

" Mr.Jeon က အမြဲရိုက်ကွင်းကို
လိုက်လိုက်လာသား ဒီနေ့မတွေ့မိလို့ပြန်ပြီ
ထင်နေတာ ''

" ဘာလို့ပြန်ရမှာလဲ.. ကိုယ့်သည်းငယ်ကို
စောင့်ရမှာပေါ့ အားနာပါတယ် မင်းသားLeo
သည်းငယ်ကလေ မသန့်တဲ့အစားစားတွေ
စားမိရင် နေမကောင်းဖြစ်တတ်လို့ ''

" Jeon... ''

Jungkook ရဲ့အရှေ့နောက်မလွတ်တဲ့
စကားကြောင့်ဆော့ဂျင်သတိပေးတော့
ဂျောင်ကုက မထီမဲ့မြင်ပါပဲ။

FOOL's ParadiseWhere stories live. Discover now