0.16

761 141 35
                                    

Jimin ရဲ့အဆဲလေးရယ်..Namjoonရဲ့အဆူရယ်
Sunooရဲ့ပွစိပွစိစကားရယ်..
Sunghoonရဲ့အကြည့်စူးရှရှရယ်ကို
PD JEON ခဗျာအားရပါးရခံလိုက်ပုံ။

Seokjin ရဲ့ ရိုက်ကွင်းschedule
တွေကိုကြည့်လိုက်..posterအတွက်
ရိုက်ထားတဲ့ပုံများကိုကြည့်နေလိုက်နဲ့
အလုပ်ကိုမလုပ်ပါ။

" သတိရလိုက်တာ ''

တိုးတိုးလေးရေရွတ်ရင်း..
ကားသော့ဆွဲကာSeokjin ရှိရာသို့ထွက်လာခဲ့သည်။

ညအိပ်ချိန်လေးမတွေ့ရရင်တောင်
ကိုယ့်မှာမပျော်ဘူး။
တစ်နေ့နေ့တော့..မင်းအိပ်ရာပေါ်ကိုယ်လာအိပ်
မှာပါ နှာဘူးထင်မှာစိုးလို့ငြိမ်နေရတာ။

" ကျေးဇူးတင်လိုက်တာ Seokjin ရယ် ''

ဒါရိုက်တာသည်ငမ်းလဲငမ်း
ကျေးဇူးတင်စကားပါအထပ်ထပ်အခါခါ
ဆိုလို့ အကြည့်က ဆော့ဂျင်ရင်ဘတ်ဖွေးဖွေး။

" မဟုတ်တာ..JEON လဲမအားလို့လဲ
ပါမယ်ထင်တယ်..အခုတလောသူအလုပ်များ
နေလို့ထင်တယ် ''

အကျ..ချွတ်ရင်း
Make up ပြင်နေတဲ့ကောင်မလေးအရပ်မမှီလို့
ကိုယ်ကိုနည်းနည်းကိုင်းပေးရသည်။

အတွေးကတော့လွန်ခဲ့တဲ့
1နာရီကအဖြစ်အပျက်ကိုတွေးမိရင်း
ပါးတွေပါနီမြန်းလာရသည်။

" သိလား JEON ''

လှေကားကအခုမှဆင်းလာတဲ့
Jungkook နည်းနည်း ကြောင်သွားပုံပါ
သူကလဲအဆုံးမရှိ..အစမရှိကြီးကို
ပြောလိုက်တာ။

" ဘာသိရမှာလဲ ''

" မင်းက ငါ့နားပဲကပ်နေလို့လေ
ရိုက်ကွင်းမှာဆိုရင်ရော ငါ့တို့ကိုပြောနေကြပြီ
ဖေဖေသားပိုက်ကောင်PD nimနဲ့
သားပိုက်ကောင်သားလေး Seokjinလို့ ''

တကယ်လဲအက်လိုတွေကြားမိလို့
တိုင်ပြောနေမိတာ ဒါကိုအက်အရူးကောင်က
ပြုံးပြုံးကြီး ။

" ကိုယ်ကမင်းဖေဖေမဖြစ်ပါဘူး ''

သူဘာတွေးမိလဲမသိ
အလိုမကျစွာဆိုပြန့်ပြီအမျိုးမျိုးပဲ
ဂျောင်ကုက။

" အေးငါလဲမကြိုက်ဘူး
အာ့ကြောင့်မင်းဒီတစ်နေ့တော့ရိုက်ကွင်း
မလိုက်နဲ့တော့ company ကြီးကို
ပစ်ထားနေတာမဟုတ်လား ''

FOOL's ParadiseWhere stories live. Discover now