0.19

1.1K 151 18
                                    

Seokjin ရဲ့အပြုစုကြောင့်
ထူထူထောင်ထောင်ဖြစ်လာတဲ့
JeonJungKook ကိုဆော့ဂျင်စိတ်ဆိုးဆိုးနဲ့
ရုံးခန်းမှန်ပြတင်းပေါက်ကနေ
ချောင်းကြည့်နေသည်။

" ရုပ်ကလဲ... နှာဘူးရုပ်လေးနဲ့ "

Seokjinမကျေနပ်စွာရေရွတ်လိုက်သည်။

Jungkook မော်ဒန်မလေးနဲ့
စကားပြောရင်း..ရက်ရက်ရောရော
အပြုံးတွေဝေဝေဆာနေတာကို
အထဲကချောင်းကြည့်ပြီးလက်သီးတစ်ဆုပ်ဆုပ်။

မသိလိုက်ခင်ပဲရုံးခန်းထဲကနေထွက်
ဂျောင်ကုတို့စီတည့်တည့်မတ်မတ်
သွားရောက်၍

" JEON ကိုယ့်ကိုဆေးထည့်ပေးမယ်ဆို "

Seokjin အသံကြားမှ
စကားကိုရပ်လိုက်ကာ ကောင်မလေးကို
နှုတ်ဆက်ပြီးထွက်လာခဲ့သည်။

" မင်း girlfriend လားချောတယ်နော် "

Jungkook ဆော့ဂျင်ကို
ဆိုဖာပေါ်သာအရင်ထိုင်စေလိုက်သည်။

" ဆေးကထည့်ပြီးပြီကို..
ဘယ်နှစ်ခါထည့်ပေးရအုံးမှာလဲ "

" မင်းငါ့ခေါင်းကိုခွဲထားတာပဲ..မငြိုငြင်ပါနဲ့ "

" ချွဲတယ်နော်..သဝန်တိုတာလား "

Seokjin ဆူပုတ်ကာ ဂျောင်ကုကို
မျက်လုံးလှန်ကြည့်လိုက်သည်။

" မင်းကို သဝန်တိုစရာ ဘာအကန့်မှ
မရှိဘူးနော်..ကိုယ့်အထာနဲ့ကိုယ်နေ... ''

အရှေ့ကရင်ဘတ်ကိုတွန်းလွှတ်ကာ
လက်ပိုက်နေတဲ့ ကိုယ်လူချောကင်မ်ဆော့ဂျင်ဟာ
ဟန်ဆောင်ကောင်းတဲ့ ယောကျာ်းလှလှ။

" အင်းပါ..အင်းပါ သဝန်တိုလဲ
ကိုယ်ကို ချက်ချင်းပြော "

" အရူး "

Jungkookကိုအခန်းထဲသွင်းနိုင်
လိုက်လို့..နည်းနည်း တော့ရင်ထဲပေါ့သွားသလို။

Jungkookလဲအလုပ်ရှုပ်နေလို့
သူ့အလုပ်နဲ့သူဖြစ်နေလို့..
ရိုက်ကွင်းမသွားရတဲ့ဆော့ဂျင်အဖို့
ဖုန်းပဲကြည့်နေလိုက်သည်။

အပေါ်ဆွဲအောက်ဆွဲလုပ်လိုက်..
သိသိသာသာမြှင့်တတ်လာတဲ့..
Follower တွေကိုကြည့်လိုက်နှင့်ပိတီ
ဂွမ်းစီလာသည်။

You've reached the end of published parts.

⏰ Last updated: Feb 03 ⏰

Add this story to your Library to get notified about new parts!

FOOL's ParadiseWhere stories live. Discover now