08

753 139 12
                                    

Seokjin ဖုန်နံပတ်ကိုသိသွားသူပီပီ
Message များပို့ကာရက်တစ်ပတ်လုံးကို
ခြိမ်းခြောက်နေတဲ့ဂျောင်ကု...
ဘာတွေများလိုချင်စရာတွေကျတော်စီမှာ
ရှိနေလို့လဲသူလဲယောကျာ်းကျတော်လဲ
ယောကျာ်းပဲလေ ကျတော်နဲ့သူနဲ့တူတူပဲ
သူကျတော့်ကိုနှောက်ယှက်စရာဘာအကြောင်းမှကိုမရှိတာ နောက်ပြီး ကျတော့်အမေကိုဆေးဖိုး
ထောက်ပံံံ့မယ်ဆိုတာကလည်းဘယ်လိုနည်းနဲ့မှ
ကျတော်လက်ခံမှာမဟုတ်ဘူး ကျတော်လည်းခွန်နဲ့အားနဲ့ရှိတဲ့ယောကျာ်းတစ်ယောက်သူလိုလူကောင်သာမကြီးတာ ကျတော်မှာယောကျာ်း
တစ်ယောက်ရဲ့သဏ္ဉာန်တွေအပြည့်ပဲ။
ဒါဟာယောကျာ်းတစ်ယောက်ရဲ့မာနကိုသက်သက်စော်ကားတာလို့ပဲကျတော်ထင်တယ်။

ကျတော်ပျော့ညံ့နေတဲ့သားတစ်ယောက်မဟုတ်ဘူးကိုယ့်အမေအတွက်တခြားတစ်ယောက်အကူညီလိုနေမှာမဟုတ်ဘူး လုံးဝမလိုဘူး
ကျတော့်ကိုဒီလိုမျိုးတွေလုပ်နေတာ soominကြောင့်လား...သူ့ကိုသဘောကျရင်လည်းဖွင့်ပြောလေကျတော်ထင်တယ်soominကကျတော့်တစ်ယောက်ထဲကိုပဲချစ်တယ် ကျတော်ကလည်းsoominတစ်ယောက်ထဲကိုပဲချစ်တာ။

နောက်ပြီးယောကျာ်းလေးချင်းနမ်းတာ
ငရဲကြီးတယ်မလား...ဒါသဘာဝမကျဘူးလေ။

ဆော့ဂျင်တစ်ယောက်ဂျောင်ကုပို့ထားတဲ့ message များကိုဖတ်ရင်းနားဖျားများနီရဲလို့။

* စိတ်ကူးမလွဲနဲ့ ရက်သိပ်မကျန်တော့ဘူးကိုယ့်စီသာမလာရင်မင်းအမေဆေးရုံတတ်ရတော့မှာမဟုတ်ဘူးနော် *

* နောက်ဆေးရုံတွေလည်းတတ်လို့ရမယ်မထင်နဲ့ကိုယ်မင်းအမေတတ်လို့မရအောင်လုပ်ပစ်မှာ *

* စေတနာနဲ့ပြောရရင် ဆေးရုံကနှင်ချခံရတဲ့သားအမိလို့နာမည်မထွက်အောင်ကိုယ်ကကာကွယ်ပေးတဲ့သဘော *

* မမေ့နဲ့မနက်ဖန်တစ်ရက်ပဲကျန်တော့တယ် *

Seokjin တစ်ယောက်ဖုန်းကိုဆက်ပိတ်လိုက်သည်။ဂျွန်ဂျောင်ကုသိပ်ကိုအားနေလားမသိတစ်နေ့လုံးကိုပို့နေတာ။

အမုန်တိုင်းပြောရရင်ကျတော့်လက်ထဲမှာ
ပိုက်ဆံတစ်ပြားမှမရှိဘူး••အရင်လကကျောင်းလခကလည်းအမေ့စျေးဖိုးတစ်ပတ်စာဝယ်လိုက်တာကုန်ပြီ အခုတောင်သူငယ်ချင်းစီကချေးသုံးနေရတာ။

FOOL's ParadiseWhere stories live. Discover now