0.12

736 134 30
                                    

ဘယ်ဘဝပေးကံကြောင့်လဲသူမသိ..
ကင်မ်ဆော့ဂျင်နဲ့တစ်ခုခုကိုတွဲမြင်တာနဲ့
အလိုကိုမကျတော့ပါ။

" တော်တော့ bam ဟားဟား တော်ပါတော့ဆို ''

Seokjin အစာကျွေးနေရင်း
လူပေါ်ခုန်အုပ်ကာမျက်နှာကိုတစ်ရှုံ့ရှုံ့နမ်း
နေတဲ့ bam နဲ့ သဘောကျကာ တဟားဟား
ရယ်နေတဲ့ဆော့ဂျင် နောက်ပြီး အသက်တိုမတတ်
သက်ပြင်းချနေတဲ့ တံခါးဝကဂျောင်ကု။

လက်ကြီးပိုက်အလိုမကျစွာနဲ့ပဲ
Jinieကိုလှောင်အိမ်ထဲကထုတ်ကာ တမွမွနဲ့
ဆောင့်ကြောင့်ထိုင်ကာ bamမမြင်မြင်အောင်
ဂျောင်ကုနမ်းပြလိုက်သည်။

လက်ထဲကjinieဟမ်းစတားပေါက်မှာ
အော်နေလို့ ဇက်ခနဲခေါင်းထောင်လာတဲ့ bamက
ဂျောင်ကုကိုမာန်ဖီနေသည်။

သားအဖနှစ်ယောက်အကြည့်ချင်းစစ်ထိုး
နေလို့။

Jungkook pov- ဆော့ဂျင်ပြန်ပေး

Bam pov- Jinieကိုအောက်ချ

Jungkook pov- ဝေးဝေးနေ

Bam pov- daddy လည်း jinieကိုမထိနဲ့

Bam က ဆော့ဂျင်ဘေးကဖယ်လိုက်တော့
ဂျောင်ကု ဟမ်းစတားကိုအောက်ချပေး
လိုက်သည်။

ချက်ချင်းပဲ bam သည် jinieရဲ့ ဂုတ်လေးကို
ဖွဖွလေးကိုက်ကာ သူ့အိပ်ရာပေါ်ခေါ်သွားလေသည်။

" ထ..ဟီလာတိုက်ပြီးရွမနေနဲ့အပြင်သွားမယ်
အဝတ်စားလဲ ''

" ဘယ်သူရွနေလို့လဲ ''

" ခင်ဗျားလေး ကိုယ့်သားကို မြူဆွယ်ပြီး
ဟီလာတိုက်နေတာ လူမြင်လို့ကိုမကောင်းဘူး ''

" အရူး ''

ဟုတ်တယ်ဂျောင်ကုက အရူး..
ဂျောင်ကုက နားမလည်တော့တဲ့ level တစ်ခုကိုရောက်နေပြီ bamနဲ့ဆော့တာတောင်ဉစ္စာခြောက်နေတာ။

Jungkook ကတော့
Bamတို့ကိုကြည့်နေသည်
မျက်နှာသေးသေးလေးကိုလျှာနဲ့လျှက်နေသည့်
Bamကိုကြည့်ကာတစ်ခုခုကိုရေရွတ်လိုက်သည်။

" လောကကြီးကိုပိစိတွေအကောင်ပေါက်တွေ
လွှမ်းမိုးနေပြီ ''

ဒီနေ့က first date လေး...

ဒေါက်..ဒေါက်

ဂျောင်ကု ဆော့ဂျင်တံခါးကိုခေါက်ကာ
နှောက်ယှက်ပြန်သည်။

FOOL's ParadiseWhere stories live. Discover now