အခန်း(၁၂)

10.9K 682 3
                                    

ဘာလိုလိုနဲ့
ပန်းပွင့်လေးကိုခိုးပြေးလာတာ၂ရက်တောင်ရှိနေပြီ

"အချစ်"

"ဗျာ"

"အဲ့မှာဘာထိုင်လုပ်နေတာလဲ"

"ဒီမှာထိုင်
ဟိုမှာကြည့် ငါးလေးတွေရှိတယ်"

ရေခပ်တဲ့တွင်းကြီးထဲသို့လက်ညိုးထိုးပြသည်

"ငါးလေးတွေကသေးသေးလေးပါ"

"ကျွန်တော်စားချင်တယ်"

"ဟော..ကိုယ်သွားဝယ်ပြီးချက်ကြွေးမှာပေါ့"

"ဟွန့်အွန်း..အဲ့ငါးလေးတွေကိုပဲကင်စား
ချင်တာ"

"သူတို့ကငါးမျှားလို့ရတဲ့ငါးမဟုတ်ဘူး
ကလေးရဲ့ ဟိုမှာအဝါရောင်ငါးလေးတွေ့လား အဲ့ငါးလေးတွေက အရမ်းမြန်တာ ဖမ်းလို့ရမှာမဟုတ်ဘူး"

"ဟွန်း..ပြီးကော"

"ကလေးစားချင်ရင် ကိုယ်ကင်ကျွေးမှာပေါ့"

"စားမှာပေါ့"

ချစ်စမ်းမောင်ရဲ့ ပုခုံးလေးကိုမှီ
လက်မောင်းလေးကိုချိတ်ထားပြီး ချွဲနေပြန်သည်

"ကျွန်တော်တို့လေ ဖေဖေ့ကိုသွားဖွင့်ပြောရအောင်နော်"

ချစ်စမ်းမောင်မျက်နှာပျက်သွားကာ
ခေါင်းတစ်ချက်ခါသည်

"ကိုယ်မလုပ်နိုင်ဘူးအချစ် ကိုယ်သိတယ်
သူကြီးကကိုယ်တို့နှစ်ယောက်ကိုခွဲမှာ"

"ခင်ဗျားက ကျန်တဲ့နေရာတွေမှာဆိုရင်
ရွာဇော်ပဲနော် အခုအဖေ့ကိုဒါလေးသွားဖွင့်ပြောလိုက်ရုံပဲကို ဘာလို့အဲ့လောက်ဖြစ်
နေရတာလဲ"

"ကိုယ်က ပန်းပွင့်လေးနဲ့မခွဲနိုင်လို့ပါ"

"အော်...ဒါဆိုကျွန်တော်က
ခင်ဗျားနဲ့ တိတ်တိတ်ပုန်းပဲ နေရမယ်ပေါ့"

"အဲ့လိုမဟုတ်ဘူးလေ ကလေးကလဲ"

"ခင်ဗျားလုပ်ချင်တာသာလုပ် ညကျမှ
မပြောဘူးဆိုရင် ကျွန်တော် အိမ်ပြန်တော့မယ် ဒါပဲ"

"‌ကလေး..အချစ်"

ဆူဆောင့်ကာအိမ်ထဲဝင်သွားတော့တယ်
ချစ်စမ်းမောင်လဲ ခေါင်းခါရုံသာတတ်နိုင်တော့သည်

" ရွာဇော် " [ Complete ]Where stories live. Discover now