အခန်း(၁၅)

9.4K 610 3
                                    

မင်္ဂလာဆောင်ပြီးလျှင် အိမ်ခွဲနေရသည်မှာ
ရိုးရာအစဉ်အလာတစ်ခုဖြစ်တဲ့အတွက်
ချစ်စမ်းမောင်တို့ နေဖို့အိမ်ကို
သူကြီးတို့စီစဉ်ကြနေပြီ

"ကျွန်တော် ပျော်လိုက်တာ"

"ကိုယ်လဲထပ်တူပါပဲ"

"ကျွန်တော်တို့ အိမ်ခွဲမနေကြရအောင်လေ"

"အဲ့လိုတော့မရဘူးထင်တယ် လူကြီးတွေစီစဉ်တာဆိုတော့ ကိုယ်လဲဝင်မပြောချင်ဘူး"

"ကျွန်တော် မေမေ့ကိုတစ်ယောက်ထဲ
စိတ်မချဘူး"

"မပူပါနဲ့အချစ်ရဲ့ အမေကပျင်းမှာမဟုတ်ဘူး
ဘာလို့ဆို အဖေကမြို့ကပြန်လာတော့မှာ"

"ခင်ဗျားမှာ အဖေရှိတာလား"

"ရှိတာပေါ့ ကလေးရဲ့ အဖေက မြို့မှာပိုက်ဆံရှာပြီး ရွာကအမေ့ကိုပို့နေတာလေ
လုံလုံလောက်လောက်ရှာပြီးရင်
ပြန်လာတော့မှာပါ"

"အော်...အွန်းပါ"

"ကိုယ်ဝိုင်းသိမ်းပေးမယ်"

ကိုယ်ပိုင်ပစ္စည်း ဟိုစစဒီစစလေးတွေကို
ကောက်ထည့်ပေးနေတုန်း
အညိုရောင်အဖုံးလေးနဲ့ စာအုပ်လေး
တစ်အုပ် မှတ်စုစာအုပ်နဲ့တူတယ်
ကိုယ်လဲသိချင်တာနဲ့ဖွင့်ဖတ်မိသည်

မေလ15ရက်...

အဲ့နေ့က ကျွန်တော်ခင်ဗျားကိုစတွေ့တဲ့
နေ့က ကြက်ဝိုင်းမှာ
ခင်ဗျားကိုတွေ့တယ်ဆိုတာကလဲ
အဲ့နားကဖြတ်သွားရုံလေး ဒါပေမဲ့ ရေစက်ပဲလား ခင်ဗျားက ကျွန်တော့်အိမ်မက်ထဲက
ကြက်‌ဖလေးပဲ..။

မေလ20ရက်..

အိမ်ရှေ့မှာ ကျွန်နော်ကြိုက်တဲ့ စံပယ်ဖြူလေးတွေရေလောင်းနေတုန်း
ခင်ဗျား ခြံစည်း‌ရိုးပေါ်မှာမေးထောက်ပြီး ကျွန်တော့်ကိုကြည့်နေတယ်
အဲ့အကြည့်တွေကို ကျွန်တော်ရှောင်လွှဲချင်တယ် ဒါပေမဲ့မရဘူး
ခင်ဗျားက မြွေတစ်ကောင်ပဲ..။

မေလ21...

အဲ့နေ့က ဟိုဘက်ရွာကို ညနေပိုင်းအကြွေးသွားတောင်းနေရတယ် ထုံးစံအတိုင်း
အဆင်မပြေတဲ့လူတွေကော မပေးချင်လို့တမင်ရှောင်နေတဲ့လူတွေကောပေါ့
ကျွန်တော်က လူအကဲခတ်တော်တယ်လေ
အဲ့တာနဲ့ ကျွန်တော်7နာရီလောက်မှ အိမ်ပြန်ရောက်တယ်
ဒါပေမဲ့ အိမ်ဝမှာမြင်လိုက်ရတာက
ကျွန်တော်ချစ်ရတဲ့သူကြီးက ထိပ်တုံးခတ်ခံထားရတယ်တဲ့လား ဝမ်းနည်းတယ် ဒေါသထွက်တယ် အဲ့တာကြောင့် သူ့ကိုတစ်ဇွတ်ထိုး
ပြန်ပြောမိလိုက်တယ်....။

" ရွာဇော် " [ Complete ]Where stories live. Discover now