" ဟူး..ဟူး...ဟူ
သွားကြမယ် ချစ်ကမ္ဘာဘုံ..
လိုက်မလားကွယ်...သီးသန့်တဲ့မေတ္တာဘုံ
သီတာရေမြေ ခြားနေပါတယ်
ထူးခြားတဲ့သစ္စာဘုံ...
ယုဇနာတစ်ရာ ဝေးကွာရာဝယ်
ဆန်းပြားတဲ့ ဗိမ္မာန်ဘုံ
ဟူ...ဟူး...ဟူ
လိုက်ခဲ့မကွယ့် သည်းညှာယုံ
မောင်သွားရာ
ဖဝါးထပ်မျှလိုက်မယ်ယုံ..
အန္တရာယ်ရန်စွယ်မမှုပါကွယ်...
မောင့်တစ်ယောက်အတွက်အသက်ကိုပုံ
အချိန်နာရီတွေမဝေးပါရှင်ရယ်
မောင့်နောက်ကလိုက်မယ်ယုံ
မောင်သွားမှာ ဆန်းပြားတဲ့အရပ်ကိုပါ
ဘယ်ကိုလဲကွယ် ပြောစမ်းကွယ်
မောင့်နေရာ..... "
မင်္ဂလာသီချင်းသံလေးဟာ
မနက်ခင်းအလင်းရောင်နဲ့အတူ
ချစ်သူကောင်လေးနှစ်ယောက်အတွက်
ဘယ်အရာနဲ့မှမလဲနိုင်တဲ့ ပျော်ရွှင်မှုလေးပေါ့"အချစ် ကိုယ့်ကိုပြပါအုံး"
အဖြူရောင် တိုက်ပုံလေးကို
ငွေရောင်ပုဆိုးလေးနဲ့တွဲဖက်ဝတ်ဆင်ထားပြီး
သူတို့သမီးဖြစ်တဲ့ကောင်လေးကတော့
ထွက်မလာသေး"ကြည့် ဘယ်လိုနေလဲ"
အဖြူရောင်တိုက်ပုံလည်ကတုံးလေးနဲ့
ငွေရောင်ပုဆိုးလေးဝတ်ပြီး
ရှေ့နောက်လှည့်ပြနေသည်"ကိုယ့်မိန်းမလေးကချစ်ဖို့အကောင်းဆုံးပဲလာ..ရင်ထိုး တပ်ပေးမယ်"
ငှက်မွှေးပုံစံ ရွှေရင်ထိုးလေးကို
စိန်တုံးလေးများဖြင့် ကပ်ထိုးထားတဲ့
လှပတဲ့ရင်ထိုးလေးအား ဂရုတစ်စိုက်တပ်ပေးနေသည်"ချစ်စရာလေး"
"ကဲ..လာအောက်မှာဧည့်သည်တွေရောက်နေလောက်ပြီ"
"ဟုတ်..."
လက်လေးတွဲရင်း
အိမ်အောက်သို့ဆင်းတော့
ဧည့်သည်များက စားပွဲကိုယ်စီမှာ ထိုင်နေကြပြီး တစ်ချို့ကလဲသူကြီးနဲ့စကားပြောနေကြသည်
YOU ARE READING
" ရွာဇော် " [ Complete ]
Romanceချစ်စမ်းမောင် + တိမ်စိုင်ဖြူ ဤဇာတ်လမ်းထဲမှာပါဝင်သော.. အရာအားလုံးသည်.. စာရေးသူ၏စိတ်ကူးယဉ်ပုံရိပ်သာဖြစ်ပါသည်..❣️