"ရင်တွေ ခုန်ပါတယ်~~
မင်းရဲ့အကြည့်ကြောင့်ကွယ်~~
လိပ်ပြာစေသူရေ..
အို...ညစဉ်အိပ်မပျော်တယ်~~
ယုံကြည်ပါမေရယ်..
ကိုယ့်အသည်းလေးပြောပြမယ်
အမြတ်တော်ပြေစဉ်ဝယ်..
အို...ကိုယ့်ရင်မောစေတယ်~~~
~~~~~~~~~~~~
မချစ်တတ်သေးတဲ့ ငနဲကိုများ
အရူးမူးဖြစ်အောင်လုပ်တာလား
မငဲ့ကွယ်တော့ပါ သိက္ခာတရား...
အို..ချစ်ခွင့်ရယ်တောင်းမယ်
ငွေရောင်ပင်လယ်ဝယ်
စိတ်ကူးလေးရွက်လွှင့်မယ်~~ပန်းလှေအိမ်ပေါ်မှာကွယ်
အချစ်အိမ်လေးတည်မယ်~~~"
ချစ်ရသူကို ရင်ခွင်ထဲထည့်
အေးစိမ့်စိမ့်ညချမ်းလေးမှာ စောင်အပါးလေးလွှမ်းခြုံထားပြီး
ကွပ်ပျစ်ပေါ်မှာ အိပ်ရင်း
ရင်ခွင်ထဲကအိပ်နေတဲ့ကလေးအား သီချင်းဆိုပြနေရသည်"အိပ်သွားပြီလား"
"မအိပ်ပါဘူး နားထောင်လို့ကောင်းတယ်
ဟွန့်...ကျွန်တော့်ကိုသီချင်းလာဆိုပြတဲ့ညတုန်းကကျ ဘာတွေအော်ဆိုနေမှန်းမသိဘူး
အဖေမနိုးသွားတာကံကောင်း""အဲ့တုန်းက ကိုယ်လဲစိတ်လှုပ်ရှားပြီး
ဘာဆိုရမှန်းမသိဖြစ်သွားတာပါ ဟဲဟဲ""ချမ်းတယ်"
"အိမ်ပေါ်တက်တော့မလား အချစ်"
"အွန်း...ချီသွား"
"အွန်းးးး ချီရင်အာဘွားပေးရမယ်"
"အပေါ်ကျမှပေးမယ် ချီပါတော့ဆို"
"ဟုတ်ပါပြီဗျာ့"
ကိုယ့်ယောင်္ကျား စိတ်တိုင်းကျ ချီသွားလိုက်တော့ လည်ပင်းကိုသိုင်းဖက်လာပြီး
ရင်ခွင်ထဲကို ပိုတိုးလို့နေသည်
အိမ်ပေါ်သို့အရောက်"ဆင်းတော့လေ အချစ်ရဲ့အပေါ်ရောက်ပြီ"
"ဟွန့်အွန်း...မဆင်းချင်ဘူး"
"ဟော.. ခင်ဗျားလေးက ကလေးလား"
"ဟုတ်တယ်လေ ကလေးလေး အောက်မချပါနဲ့နော် ယောင်္ကျားကလဲ"
YOU ARE READING
" ရွာဇော် " [ Complete ]
Romanceချစ်စမ်းမောင် + တိမ်စိုင်ဖြူ ဤဇာတ်လမ်းထဲမှာပါဝင်သော.. အရာအားလုံးသည်.. စာရေးသူ၏စိတ်ကူးယဉ်ပုံရိပ်သာဖြစ်ပါသည်..❣️