ဒေါ်ခင်ခင်စိန် အိမ်ရှေ့က ပက်လက်ဝါးခုံတွင်
ထိုင်ရင်း
ဆေးပေါ့လိပ်ကြီးအားဖွာနေတုန်း
ချစ်စမ်းမောင်ထူးထူးခြားခြားနိုးလာပါတယ်"အံမယ်...စောစောထလို့ပါလား"
"ထရတာပေါ့အမေရယ်...အမေ့သမက်လေး
တွေ့ရဖို့လေ""ဘာရယ်..ငါ့သမက် ချွေးမလုပ်စမ်းပါအေ"
"မဟုတ်ဘူးအမေရဲ့ သားချစ်သူက
ကောင်လေးဗျ""ဘာပဲဖြစ်ဖြစ်အဲ့ကောင်လေးကို
နောက်နေ့ခေါ်ခဲ့""မဖြစ်ဘူးလေအမေ"
"ဘာမဖြစ်တာတုန်း"
"ကျွန်တော့်ကောင်လေးက ရွာမှာဩဇာအာဏာကြီးမားတဲ့သူရဲ့ သားဗျ"
"ဟဲ့ဟဲ့...ဓားမြဗိုလ်ရဲ့သားတော့
မဟုတ်ပါဘူးနော်""မဟုတ်ပါဘူး ဒါပေမဲ့အမေစိတ်မပူပါနဲ့
အချိန်တန်ရင် သားကောင်လေးကိုတရားဝင်ချပြမှာပါ""အဲ့အချိန်ထိစောင့်ပါ့မယ်အေ"
"ဆွမ်းချိုင့်ပေးအမေ..ကျွန်တော်သွားမယ်"
"ဖြစ်ရဲ့လားအေ"
"ဖြစ်တာပေါ့ဗျာ ကျွန်တော့်ကောင်လေးနဲ့သွားမှာ"
"အမလေးတော့် တစ်ကယ်ပဲ မီးဖိုချောင်မှာ
ထည့်ပြီးသား သွားယူ""ဟုတ်ကဲ့အမေ"
လို့ပြောပြီး မီးဖိုချောင်ထဲသို့ဝင်ကာ
ဆွမ်းချိုင့်လေးကိုယူပြီး အပြင်ထွက်သွားတော့သည်။*****************
"ပန်းပွင့်လေး"
တီရှပ်အဖြူရောင်လေးဝတ်ထားပြီး
ပုဆိုးကလဲ မီးခိုရောင်အမဲအကွက်စိတ်လေးဝတ်ထားကာ ဆွမ်းချိုင့်လေးကိုကိုင်ပြီး
ရပ်စောင့်နေတဲ့ ပန်းပွင့်ဖြူလေး"ခင်ဗျား စောစောလာမယ်ဆိုပြီး"
"စိတ်မဆိုးပါနဲ့ဗျာ ခင်ဗျားလေးရဲ့
ယောက္ခမကြီးကို သူ့ရဲ့သားမက်ကလေး
အကြောင်းပြောနေလို့ပါ""ဟာ..ခင်ဗျားပြောလိုက်ပြီလား"
တိမ်စိုင်ဖြူရဲ့ပုခုံးလေးနှစ်ဖက်အားကိုင်ပြီး
နား နားကိုကပ်ကာ
VOCÊ ESTÁ LENDO
" ရွာဇော် " [ Complete ]
Romanceချစ်စမ်းမောင် + တိမ်စိုင်ဖြူ ဤဇာတ်လမ်းထဲမှာပါဝင်သော.. အရာအားလုံးသည်.. စာရေးသူ၏စိတ်ကူးယဉ်ပုံရိပ်သာဖြစ်ပါသည်..❣️