Extra(3)

6K 359 4
                                    

တိမ်စိုင်ဖြူတစ်ယောက် ချစ်စမ်းမောင်ကို အခုထိစိတ်ဆိုးမပြေသေးလို့ ချစ်စမ်းမောင်ခမျာ တိမ်စိုင်ဖြူနှင့်မအိပ်ရတာ နှစ်ရက်တောင်ရှိသွားခဲ့ပြီ။

ချော့ရင်လဲ ရုပ်တည်ကြီးနဲ့အင်းမလုပ် အဲမလုပ်နဲ့မို့ စကားတောင်မပြောရဲ။

တိမ်စိုင်ဖြူလဲ ချစ်စမ်းမောင်နဲ့စကားများပြီးထဲက အိမ်ကိုမကပ်တော့ပဲ သူ့အဖေအိမ်မှာသာသွားနေနေလို့ ချစ်စမ်းမောင်ကိုယ်တိုင်လိုက်ခေါ်နေရတော့သည်။

“အချစ်..ပန်းပွင့်လေး”

တိမ်စိုင်ဖြူအစား သူကြီးကထွက်လာတာကြောင့် ခေါ်နေတာအားရပ်လိုက်သည်။

“အဖေ”

“မင်းငါ့သားကို စိတ်ဆိုးအောင်လုပ်ထားပြီး အခုမှပြန်လာခေါ်နေတာလား”

“မဟုတ်ပါဘူး..အဲ့တာအဖေ့သားကအထင်လွဲသွားလို့ပါ”

“အဲ့တာမင်းကိစ္စ..မင်းချော့ချင်ရင် သူ့အခန်းထဲသွားချော့ ငါက ငါ့မိန်းမသွားခေါ်မလို့”

“ဟုတ်ဟုတ်”

သူကြီးထွက်သွားတော့ ချစ်စမ်းမောင်လဲ အိမ်ပေါ်တက်ခဲ့ပြီး တံခါးပါတစ်ခါတည်း ဂျက်ထိုးထားခဲ့သည်။ ဘယ်လောက်ထိချော့ရမယ်မှန်းမသိလို့ အခန်းထဲကပါထွက်မလာပဲ
အပြင်မှာ သူခိုးတက်သွားမှာစိုးလို့ပင်။

တိမ်စိုင်ဖြူရဲ့ အခန်းတံခါးကိုအသာလေးဖွင့်ကြည့်တော့ ကွေးကွေးလေးအိပ်နေသည်။
နိုးသွားမှာစိုးလို့ ဖြည်းဖြည်းချင်း သူခိုးခြေလှမ်းလှမ်းသလို ဝင်လာပြီး တိမ်စိုင်ဖြူ
ဘေးတွင် ဝင်ထိုင်လိုက်သည်။

“အချစ်ကလေး..”

ဘာမှပြန်ထူးမလာ။

“ဘေဘီရေ..ကိုယ့်ကိုစိတ်မကောက်ပါနဲ့ကွာ
ကြက်တိုက်တာကလေ ဖိုးထူးတို့က ချစ်စမ်းမောင်ရေ ငါတို့အစားတိုက်ပေးသွားပါအုံးဆိုပြီး အကူအညီတောင်းလို့ ကိုယ်ကလဲ ကူညီပေးလိုက်တာပါ စိတ်မဆိုးပါနဲ့ မယုံရင် ဟိုကောင်တွေကိုခေါ်မေးကြည့်”

ချစ်စမ်းမောင်ကတော့ အားကြိုးမာန်တက်တွေ ရှင်းပြခင်းပြနေပေမဲ့ တိမ်စိုင်ဖြူကတော့
လှည့်တောင်မကြည့်လာ။

" ရွာဇော် " [ Complete ]Where stories live. Discover now