ကလေးလေးတစ်ယောက် အိမ်ကိုရောက်နေတာ နှစ်ပတ်တောင်ရှိနေပြီ။ အဲ့ကလေးကိုကောက်ရပြီး နောက်နေ့ သူကြီးတို့ကာလသားတွေ ကလေးရဲ့အမေဖြစ်သူကိုလိုက်ရှာကြတော့ မိခင်ဖြစ်သူက သူ့အိမ်မှာတင် ကိုယ့်ကိုယ်ကို ဆွဲကြိုးချပြီးသတ်သေသွားတာကို စိတ်မကောင်းစွာနဲ့မြင်တွေ့လိုက်ရပါသည်။
ဒီလိုနဲ့ကလေးကို ချစ်စမ်းမောင်တို့ကပဲမွေးစားလိုက်ဖို့ သဘောတူလိုက်ကြသည်။
“မိချို မလဲနော် သူကလေးမွေးတုန်းကဆို ငါရယ်လက်သည်မကြီးဒေါ်ဝင်းကြည်နဲ့ပဲ သူ့ကလေးကိုသိတာ သူလဲသေသွားရော နောက်နေ့တောင်မကူးဘူး တစ်ရွာလုံးကိုသိသွားကြတော့တာပဲ”
ဒေါ်ခင်စိန်သည် ကန်စွန်းရွက်ချွေရင်း မချိုအကြောင်းကို အားမလိုအားမရစွာပြောလေသည်။ တိမ်စိုင်ဖြူအနားသို့ရောက်လာကာ
နို့ဘူးကိုလဲလက်ထဲတွင်ကိုင်ထားရင်း ဒေါ်ခင်စိန်ပြောတာကိုပြန်ပြောလေသည်။“ဪ..အမေရယ်..ဝဋ်ကြွေးတွေလို့ပဲပြောရမှာပေါ့..ဟင်..နို့မှုန့်မရှိတော့ဘူး..ကိုချစ်စမ်းမောင်”
အခုထိမထသေးတဲ့ ချစ်စမ်းမောင်ကို လှမ်းခေါ်ပေမဲ့ ပြန်ထူးသံမလာသေးတာကြောင့်
ဒေါ်ခင်စိန်ကပဲ သက်ပြင်းချရင်း“ငနာက..အခုထိမထသေးဘူးထင်တယ် သားပဲသွားတက်နှိုးလိုက်ပါတော့”
“ဟုတ်အမေ”
တိမ်စိုင်ဖြူသည် အိမ်ပေါ်သို့တက်လာကာ အခန်းထဲဝင်ကြည့်တော့ မှောက်ပြီးအိပ်နေသည်။
“အမလေး”
အပေါ်ကဘာမှမဝတ်ပဲ ပုဆိုးတစ်ထည်သာဝတ်ပြီး အိပ်နေတာ အောက်ကပန်ကာကဖွင့်ထားတော့ လေထီးခုန်နေသလို အောက်ကဟောင်းလောင်းကိုပေါ်လို့။
“ကိုချစ်စမ်းမောင်..အခုထ..ဘယ်လိုအိပ်နေတာလဲ”
တိမ်စိုင်ဖြူကပဲ ပုဆိုးကိုပြန်ဖိပေးပြီး တင်ပါးကိုရိုက်ကာနှိုးတော့ နိုးသွားခဲ့ပြီ။
“အွန်း..ဘာဖြစ်တာလဲ”
“ခင်ဗျားအိပ်နေတာ ဖင်ကဟောင်းလောင်းပေါ်နေတာသိရဲ့လား”
YOU ARE READING
" ရွာဇော် " [ Complete ]
Romanceချစ်စမ်းမောင် + တိမ်စိုင်ဖြူ ဤဇာတ်လမ်းထဲမှာပါဝင်သော.. အရာအားလုံးသည်.. စာရေးသူ၏စိတ်ကူးယဉ်ပုံရိပ်သာဖြစ်ပါသည်..❣️