Chapter 2

237 41 8
                                    

Zawgyi

ထိုအဖြစ်အပျက်တွေ ပြီးတဲ့နောက်မှာ ဘာအကြောင်းကြောင့်လဲတော့ မသိပေမယ့် သူတို့ဟာ မကြာခဏ အကြည့်ချင်းဆုံခဲ့ကြတယ်။ တစ်ခါတစ်ရံမှာတော့ နှစ်ယောက်စလုံး အမှတ်တမဲ့ အကြည့်ချင်းဆုံမိတာဖြစ်ပြီး ကျန်တဲ့အချိန်တွေမှာတော့ တစ်ယောက်က ကျန်တစ်ယောက်ကို ကြည့်နေမိလို့ဖြစ်တယ်။

သင်္ချာချိန်တွေမှာဆို ရှဲ့မုန့်ဟာ မကြာခဏ အတန်းရှေ့ထွက်ပြီး ကျောက်သင်ပုန်းပေါ်က ပုစ္ဆာတွေကို တွက်ပြရလေ့ရှိတယ်။ သူအရှေ့မှာ ရပ်လိုက်တာနဲ့ ကျီချင်းရန်ရဲ့ အကြည့်တွေဟာ သူ့နောက်ကျောမှာ ကော်နဲ့ကပ်ထားသလို တွယ်ကပ်နေမှန်း သူခံစားမိနေတယ်။ တကယ်တော့ သူ့ရဲ့ခန့်မှန်းချက်က မှားနေတာလည်း ဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ့လိုအချိန်မျိုးမှာဆို ကျောင်းသားအများစုက သူ့ကိုဝိုင်းကြည့်နေတတ်ကြတာပဲ။ ထိုအချိန်မှာဆို အထူးသဖြင့် ကျန်းကန်းကန်းရဲ့ မျက်လုံးရွဲကြီးတွေဟာ ဒီစာတော်တဲ့ နတ်ဘုရားကို ကိုးကွယ်ဆည်းကပ်ချင်စိတ်တွေ ပေါ်ပေါက်လာပြီး ပြားပြားဝပ်နေအောင် ရိုသေဝတ်ပြုလိုဟန်နဲ့ ချစ်ရည်ရွှန်းလဲ့နေတတ်တယ်...

ဘယ်အချိန်ကစလိုက်သလဲတော့ သူမသိပေမယ့် ဆရာဟာ ရှဲ့မုန့်ရဲ့အဖြေက မှန်ကန်ကြောင်း ကြေညာလိုက်တဲ့အခါ ထွက်ပေါ်လာတဲ့ ခန်းလုံးကျွတ် လက်ခုပ်ဩဘာသံတွေကို သူငြိမ်ငြိမ်လေး လက်ခံနေရလေတယ်။

အချိန်တိုင်းလိုလိုပဲ ရှဲ့မုန့်ဟာ သူ့အတန်းဖော်တွေရဲ့ အားပေးအော်ဟစ်သံတွေ လက်ခုပ်သံတွေ အလယ်မှာ ကိုးရိုးယားနိုင်စွာပဲ သူ့ထိုင်ခုံဆီကို ပြန်သွားရတတ်တယ်။ ဒါ့အပြင် သူ ကျီချင်းရန်ကို ကြည့်မိတဲ့ ၁၀ကြိမ်မှာ ၉ကြိမ်လောက်က ကျီချင်းချန်ကလည်း သူ့ကိုပြန်ကြည့်နေတတ်တယ်။ အခုလိုအချိန်မှာ ဖော်ရွေနှစ်သက်မှုအပြည့်နဲ့ အပြုံးကို ဆင်မြန်းထားပေမယ့် မျက်ဝန်းတွေထဲမှာတော့ စနောက်လိုဟန်နဲ့ ကျီချင်းရန်ဟာလည်း တစ်ခြားကျောင်းသားတွေနဲ့အတူ လက်ခုပ်လိုက်တီးနေခဲ့တယ်။

ကျန်းကန်းကန်းဟာ အရမ်းစိတ်လှုပ်ရှားနေတာကြောင့် သူ့လက်ဖဝါးတွေ နီရဲလာသည်အထိ လက်ခုပ်တီးနေခဲ့ပြီး : "ဆရာက ငါတို့ကို ဒီပုစ္ဆာသင်တောင်မသင်ရသေးဘူး မင်းကကြိုပြီး တွက်တတ်နေပြီပဲ!"

နှစ်ပေါင်းများစွာကြာသည့်တိုင်အောင်(ဆွေ့ယွဲ့ကျန်း)Where stories live. Discover now