Chapter 5

125 22 3
                                    

Zawgyi

( တို့သကြားလုံးလေးရဲ့နာမည်ကို 'ရှဲ့မုံ့' လို့ပြန်ပြင်ထားပါတယ်နော် )

နောက်ဆုံးစာမေးပွဲနဲ့ နှစ်ဝက်စာမေးပွဲတွေကြားမှာ အဆင့်တွေက သိပ်ပြီးမကွာခြားလေဘူး။ ကျန်းကန်းကန်းဟာလည်း အတော်လေး တိုးတက်လာပြီး အဆင့်၁၀အတွင်း ဝင်လာခဲ့တယ်။

"နောက်ဆုံးတော့ ငါ့မိဘတွေကို တစ်ခုခု ပြစရာရှိပြီကွ..."
ကျန်းကန်းကန်းဟာ ငိုတော့မလို ဖြစ်နေခဲ့တယ် : "ငါ့အဆင့်တွေက ဆိုးဝါးနေမှာကို ငါအမြဲတမ်း ကြောက်နေခဲ့တာ ငါ့မုန့်ဖိုးလေးတွေ ပလုံသွားမှာစိုးလို့"

ရှဲ့မုံ့က သူ့စာရွက်ကို အောက်ချလိုက်ပြီး ပုံမှန်အတိုင်း မေးလိုက်တယ် : "အဲ့လောက် မုန့်ဖိုးတွေအများကြီး ဘာလို့လိုနေတာလဲ?"

ကျန်းကန်းကန်းက ဂရုတစိုက် ပြန်ဖြေလာတယ် : "ပထမဆုံးအနေနဲ့ ငါမင်းကို တစ်ခုခု လိုက်ကျွေးချင်လို့"

ရှဲ့မုံ့ : "..."

"ပြီးရင် ငါ ရူရူ့ကိုလည်း လက်ဆောင်ဝယ်ပေးချင်တယ်"

ရှဲ့မုံ့က ထပ်မေးလိုက်တယ် : "ဘာဝယ်ချင်တာလဲ?"

"လက်ဆောင်တစ်ခုခုပေါ့"
ကျန်းကန်းကန်းက သူ့လက်ချောင်းတွေနဲ့ ရေတွက်လိုက်တယ်။
"ဗယ်လင်တိုင်းဒေးက နီးလာပြီ"

"...ဘာဝယ်ပေးဖို့ စီစဉ်ထားလဲ?"

"လာဗင်ဒါဝက်ဝံတွေကတော့ အခုတလော တော်တော်လေး ရေပန်းစားနေတာပဲ"

"..." ရှဲ့မုံ့က ပြောစရာစကားမဲ့သွားရတော့တယ်။
"တွေ့ကရာတွေ လျှောက်ဝယ်ပေးမနေနဲ့ဦး ပိုးမွှားတွေ ကပ်ပါလာရင် ဘယ်လိုလုပ်မလဲ?"

ကျန်းကန်းကန်းက ရေရွတ်လိုက်တယ် : "ပိုးမွှားတွေ ကပ်ပါလာနိုင်တာလား?"

ရှဲ့မုံ့ကို မေးလိုက်တယ် : "ဒါဆို ငါနဲ့အတူတူ လိုက်ဝယ်ပေးပါ့လား?"

ကျန်းကန်းကန်းရဲ့ မျှော်လင့်တကြီး ကလေးမျက်နှာလေးကို ကြည့်လိုက်ပြီး ရှဲ့မုံ့မှာ ငြင်းဆန်နိုင်စွမ်း မရှိတော့ဘူး...

အခုက သူ့ရဲ့ဆောင်းရာသီ အားလပ်ရက်ဆိုပေမယ့် ရှဲ့မုံ့မှာလည်း သိပ်ပြီးများများစားစား လုပ်စရာမရှိဘူး။ မနက်၆နာရီထတယ်၊ သူ့အဖွားအတွက် နွားနို့ပူပူလေး ပြင်ဆင်ပေးတယ်၊ လေ့ကျင့်တယ်၊ သူ့အဖွားရဲ့ ချောင်းမြောင်းတိုက်ခိုက်လာမှုတွေကို သတိထားရတယ်၊ ပြီးရင် သူမနဲ့အတူ နာရီဝက်လောက် တိုက်ခိုက်ပေးရတယ်။

နှစ်ပေါင်းများစွာကြာသည့်တိုင်အောင်(ဆွေ့ယွဲ့ကျန်း)Where stories live. Discover now