Chapter 4

174 30 4
                                    

Zawgyi

ကျောင်းလည်းဆင်းရော အပြင်မှာ နှင်းတွေတော်တော်ထူနေပြီ။ ကျန်းကန်းကန်းက အရမ်းစိတ်လှုပ်ရှားနေတာကြောင့် အောက်ကို ပြေးဆင်းသွားတယ်။ ရှဲ့မုန့်ကတော့ အပေါ်ထပ် ကုတ်အင်္ကျီတစ်ထည် ထပ်ဝတ်ပြီးတာနဲ့ လည်စည်းကိုပါ မျက်နှာထိလုံအောင် ဖုံးအုပ်လိုက်ပြီး နှင်းထဲကို ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့တယ်။

စူးကျိုးလို တောင်ပိုင်းမြို့တစ်မြို့အနေနဲ့ နှင်းတွေသိပ်သည်းနေအောင် ကျတာမျိုးက အလွန်ကိုရှားပါးတယ်။ အခုချိန် ကျောင်းသူကျောင်းသားတွေရဲ့ စိတ်လှုပ်ရှားနေမှုက နှစ်သစ်ကူးပွဲတော်ချိန်အတွင်း ခံစားချက်အောက်တော့ မလျော့လေဘူး။

"မပြန်ခင် ခဏလောက် ကစားရအောင်"
ကျန်းကန်းကန်းက ရှဲ့မုန့်ကို မျှော်လင့်ချက် အပြည့်နဲ့ ကြည့်လိုက်တယ် : "ဒီနေ့ ကိုယ်ခံပညာ သင်တန်းကျောင်းကနေ တစ်ရက်လောက် ခွင့်ယူလိုက်ပါလား?"

ရှဲ့မုန့်က သူ့ရဲ့လည်စည်းပဝါကို အောက်လျှောချလိုက်ပြီး နှင်းတွေကြားမှာ ပါးစပ်ထဲက အငွေ့တွေကို မှုတ်ထုတ်လိုက်ကာ ဘေးပတ်လည်ကို လှည့်ကြည့်လိုက်ရင်း သဘောတူလိုက်တယ် : "ကောင်းပြီလေ"

ကျန်းကန်းကန်းက လေထုထဲကို လက်သီးတွေ ပစ်သွင်းလိုက်ရင်း အော်ဟစ်လိုက်တယ် : "ယေး!"

ကစားကွင်းရဲ့ထောင့်မှာ ရပ်နေတဲ့ ချီဖေးဟာ မလှမ်းမကမ်းကနေ သူတို့ကို လှမ်းအော်လာတယ် : "ဟေး! ကျန်းကန်းကန်း! ဒီကိုအမြန်လာခဲ့! ငါတို့ တန်းခွဲ၅နဲ့ နှင်းလုံးပစ်ကြေး တိုက်ပွဲရှိတယ်"

ရှဲ့မုန့်က အသံလာရာကို လှမ်းကြည့်လိုက်တော့ ထင်းနေတဲ့ အညိုရောင်ဖျော့ဖျော့ ဆံပင်တွေနဲ့ ကျီချင်းရန်ကို အကြည့်တစ်ချက်မှာတင် ချက်ချင်းသတိထားမိလိုက်တယ်။ ဆောင်းရာသီ ရောက်နေတာတောင်မှ ထိုကောင်လေးက အင်္ကျီအထပ်နည်းနည်းကိုသာ ဝတ်ဆင်ထားပြီး အပေါ်က ဂျက်ကတ်ကိုလည်း ဇစ်ဖွင့်ထားကာ နှင်းလုံးတွေ လှိမ့်နေကြတယ်။

"ငါတို့အတန်းမှာက ယောက်ျားလေး အယောက်၂၀ပဲရှိတာ သူတို့အတန်းက ပိုများနေတယ်"
ချီဖေးက ယှဉ်ပြိုင်လိုစိတ် ကြီးမားတဲ့သူဖြစ်တာကြောင့် သူ့မျက်လုံးတွေထဲမှာ အနိုင်ရလိုစိတ်တွေ တောက်လောင်နေလေတယ် : "အစဉ်လိုက်စီကြမယ် ငါတို့ရှုံးလို့ မဖြစ်ဘူး"

နှစ်ပေါင်းများစွာကြာသည့်တိုင်အောင်(ဆွေ့ယွဲ့ကျန်း)Where stories live. Discover now