Zawgyi
စာသင်နှစ်အသစ်ရဲ့ ပထမဆုံးရက်မှာ ဘာမှသိပ်လုပ်စရာမရှိဘူး။ သူတို့ရဲ့ စာအုပ်တွေကိုစု၊ စာသင်ခန်းတွေကို သန့်ရှင်းရေးလုပ်ပြီးတာနဲ့ ကျောင်းသားတွေက အသီးသီးအုပ်စုဖွဲ့ကာ စကားတွေဖောင်ဖွဲ့ကြတော့တယ်။
ကျန်းကန်းကန်းရဲ့ ဝက်ဝံရုပ်ကိုလည်း တစ်နေ့က အမြန်ချောပို့နဲ့ ပို့လိုက်ပြီဖြစ်ကာ ရူရူကသူ့ဆီ ဓာတ်ပုံတောင် ရိုက်ပို့ပြီးလေပြီ။ ဓာတ်ပုံထဲမှာတော့ ကြီးမားတဲ့အမွှေးပွ တက်ဒီဝက်ဝံရုပ်ကြီးကို အိပ်ရာပေါ် လှဲသိပ်ထားလေတယ်။
"အခု ငါညတိုင်း ဝက်ဝံရုပ်ကြီးကို ဖက်အိပ်တယ် နင့်ကိုဖက်အိပ်ရသလိုပဲ"
ကျန်းကန်းကန်းရဲ့နားတွေဟာ ရှက်လွန်းလို့ နီရဲသွားတော့တယ်။ သူကထိုမက်ဆေ့ခ်ျကို ရှဲ့မုံ့အား တိတ်တိတ်လေးပြလိုက်ပြီး "ဒါကအချစ်စစ်ပဲ" လို့အတည်ပေါက်ကြီး ကြွားဝါလာခဲ့တယ်။
"..." ရှဲ့မုံ့က စိတ်ဝင်စားသွားပြီး : "ဒါဆို မင်းသူမကို ဘယ်လိုပြန်ပြောလိုက်လဲ?"
ကျန်းကန်းကန်းက အနည်းငယ် ရှက်ရွံ့သွားကာ : "ငါ့ဓာတ်ပုံပို့လိုက်တယ်"
"...သူမကရော သူမဓာတ်ပုံကို မင်းဆီပို့ဖူးသလား?"
"ဟင့်အင်း" ကျန်းကန်းကန်းက မထုံတက်တေးနဲ့ ပြောလာတယ် : "ဒါပေမယ့် သူမကငါ့ဆီ ဝက်ဝံရုပ်ရဲ့ဓာတ်ပုံ ပို့လာတယ်လေ သူတို့က ညတိုင်းအတူတူ အိပ်ကြတယ်တဲ့"
"..."
ဘေးကနေ နားထောင်နေတဲ့ ချီဖေးဟာ ထပ်ပြီးသည်းမခံနိုင်တော့တာကြောင့် လှောင်ပြောင်တော့တယ် : "ကျေးဇူးပြုပြီး... သူမက ဝက်ဝံရုပ်နဲ့ အတူအိပ်တာလေ မင်းက ဝက်ဝံရုပ်မို့လို့လား?! ပြီးတော့ ဝက်ဝံရုပ်က မင်းဝယ်ပေးထားတာပဲလေ... ဘာကြောင့် ဝက်ဝံရုပ်ပုံကို လိုချင်နေသေးရတာလဲ?"
ပါးစပ်အဟောင်းသားနဲ့ ကျန်းကန်းကန်းဟာ ဘာမှပြန်မတုံ့ပြန်နိုင်တော့ဘူး။
ရှဲ့မုံ့က အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ကျန်းကန်းကန်းရဲ့ ပုခုံးကိုပုတ်ပေးရင်း အလေးအနက် သတိပေးလိုက်တယ် : "ဘာပဲဖြစ်ဖြစ်ပါ မင်းရဲ့ဓာတ်ပုံကိုတော့ သူစိမ်းတွေဆီ အလွယ်တကူ မပေးသင့်ဘူး မင်းတို့တွေက အပြင်မှာ တစ်ခါမှ မတွေ့ဖူးကြသေးဘူးလေ တစ်ဖက်လူကို လက်ခံဖို့အတွက် မင်းဆီမှာ အနည်းဆုံး သူ့ရဲ့ဓာတ်ပုံ တစ်ပုံလောက်တော့ ရထားသင့်တယ်"

KAMU SEDANG MEMBACA
နှစ်ပေါင်းများစွာကြာသည့်တိုင်အောင်(ဆွေ့ယွဲ့ကျန်း)
RomansaBoth Zawgyi and Unicode.