Zawgyi
ရှဲ့မုံ့ဟာ ကောင်းကောင်းအိပ်မပျော်ဘဲ ညလယ်မှာ နိုးလာကာ ခေါင်းတဆစ်ဆစ် ထိုးကိုက်လာခဲ့တယ်။ အိပ်ရာကထလိုက်ပြီး ရေသွားသောက်ဖို့ ပြင်လိုက်ပေမယ့် ဘေးခန်းက ကျန်းလော်ကျွမ်ကို နှိုးလိုက်မိသလို ဖြစ်သွားတယ်။
အဖွားအိုဟာ မီးခိုးရောင် အစင်းကြား ကြိုးစည်းညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး တံခါးဘေးမှာရပ်ကာ ခြုံစောင်အကြီးကြီးကို ထပ်ခြုံလို့ထားရင်း မျက်မှောင်ကြုတ်လိုက်တယ် : "ဘယ်အချိန်ရှိပြီလဲ?"
"၃နာရီလောက်ရှိပြီ"
ရှဲ့မုံ့က အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရတာကြောင့် : "အဖွား နည်းနည်းလောက် ထပ်အိပ်သင့်တယ်"ကျန်းလော်ကျွမ်က သက်ပြင်းချကာ စားပွဲဆီကို လျှောက်သွားလိုက်ရင်း : "မင်းတောင် မအိပ်နိုင်မှတော့ အဖွားအိုကြီးဖြစ်တဲ့ငါက ဘယ်အိပ်ပျော်နိုင်ပါ့မလဲ?"
ရှဲ့မုံ့က ဘာမှပြန်မပြောတော့ဘဲ ရေနွေးတည်ကာ စွပ်ပြုတ်တချို့လုပ်ရန်အတွက် ကျန်းလော်ကျွမ်း အရှေ့ကနေ ငုံ့ကာဖြတ်လျှောက်သွားစဉ်မှာပဲ သူမက သူ့လက်ကို လှမ်းဆွဲလာခဲ့တယ်။
"တကယ်ပဲ ဘာတွေဖြစ်နေတာလဲ?"
ကျန်းလော်ကျွမ်ဟာ သူမမြေးရဲ့ မျက်နှာကို ဂရုတစိုက် အကဲခတ်ရင်း သူမရဲ့ နှလုံးသားဟာ နာကျင်လာတော့တယ် : "အလယ်တန်းတုန်းကလည်း ဒီလိုမျိုး ဖြစ်နေဖူးတယ်နော် အဖွားက ဘာဖြစ်တာလဲလို့ မမေးခဲ့ပေမယ့် မင်းကိုတော့ အရမ်းစိတ်ပူနေတုန်းပဲ"ရှဲ့မုံ့ဟာ ပါးစပ်ဟလိုက်ပေမယ့် ဘာမှမပြောလိုက်နိုင်ဘူး။ အဆုံးမှာတော့ ညင်သာစွာ ပြုံးလိုက်ပြီး ကျန်းလော်ကျွမ်ရဲ့လက်ကို ပြန်အုပ်ကိုင်လိုက်တယ် : "တကယ်ကို ဘာမှမဖြစ်ပါဘူး ကျွန်တော် အဆင်ပြေပါတယ်"
...
နောက်တစ်ရက်မှာတော့ ကျိုးရှောင်းယွမ်ဟာ ကျောင်းကိုရောက်မလာခဲ့ဘူး။ ရှဲ့မုံ့ဟာ ကာယချိန်ပြီးသည်အထိ စောင့်ပြီးရင်း စောင့်နေခဲ့ပေမယ့် ကျိုးရှောင်းယွမ်ရဲ့ အရိပ်ကိုတောင် မမြင်ခဲ့ရဘူး။ ရွေးချယ်စရာ မရှိတာကြောင့် ကျောင်းဆင်းချိန်မှသာ တစ်ခေါက်ပြန်လာရှာခဲ့ရတယ်။