Chapter 8

127 21 6
                                    

Zawgyi

ရှဲ့မုံ့တို့အတန်း ကာယချိန် ပြီးခါနီးမှာ ဟန်သုန်းဆီက ဖုန်းဝင်လာခဲ့တယ်။ ကျန်းကန်းကန်းကို အကျိုးအကြောင်း ပြောပြပြီးတာနဲ့ ဖုန်းကိုင်ရင်း ကစားကွင်းဘေးကို ထွက်လာလိုက်တယ်။

"ကျိုးရှောင်းယွမ် ကျောင်းပြန်တက်ပြီပေါ့?"
ဟန်သုန်းက မေးလာတယ် : "သူအခုထိ အနားယူနေတုန်း မဟုတ်ဘူးလား?"

"ကျောက်ပတ်တီးတော့ မဖြေရသေးဘူး... ဒါနဲ့ အဲဒီ့အချိန်တုန်းက မင်းတို့ကောင်တွေ ဘာလို့ငါ့ကို လှမ်းမခေါ်တာလဲ?"

ဟန်သုန်းကရယ်တယ် : "ဘာလို့ငါတို့က မင်းကိုခေါ်ရမှာလဲ? မင်းပါလာရင် လူသတ်မှု ဖြစ်သွားမှာပေါ့ မင်းအစား ငါတို့တွေ ဝိုင်းဖြေရှင်းပေးလိုက်တာ မကောင်းဘူးလား?"

"ဘာပဲဖြစ်ဖြစ် ကျိုးရှောင်းယွမ်ရဲ့ အမှားပဲလေ သူသာလူပေါင်းမမှားခဲ့ရင် မင်းလည်းဒီလောက်ထိ ဒုက္ခခံရမှာ မဟုတ်ဘူး" ဟန်သုန်းက ဆက်ပြောလာတယ် : "အဲဒီ့အချိန်တုန်းက သူ့ညီမလေးက ဖျားနေတော့ သူကကျောင်းမှာ မျက်မြင်သက်သေ လာလုပ်မပေးနိုင်ခဲ့ဘူး အဲ့တာကြောင့်ပဲ သူ့သူငယ်ချင်းဆိုတဲ့ကောင်က မဟုတ်ကဟုတ်ကတွေ လျှောက်ဖွခဲ့တာ လင်းဟိန်ကျင်းကလည်း သူ့ရဲ့လုပ်ပိုင်ခွင့်ကို အသုံးချပြီး ကျောင်းဖိုရမ်မှာ ဘာမှတင်လို့ မရအောင် ကျိုးရှောင်းယွမ်ရဲ့ အကောင့်ကို ပိတ်ထားခဲ့တယ်"

ဟန်သုန်းက သက်ပြင်းချလိုက်ပြီး : "အခုတလော သူ့ညီမလေးရဲ့ ကျန်းမာရေး အခြေအနေ ပြန်တည်ငြိမ်လာလို့ သူလည်းမင်းအပေါ် အပြစ်ရှိသလို ခံစားနေရတော့ ဒီကိစ္စကို ရှေ့ထွက်ပြီး ဖြေရှင်းလာတာ လင်းဟိန်ကျင်းက သူ့ကိုချောင်းရိုက်ဖို့ လူတစ်အုပ် လွှတ်လိုက်ပေမယ့် နောက်ဆုံးတော့ လင်းဟိန်ကျင်းပဲ သေလုမျောပါး အရိုက်ခံလိုက်ရပြီး ဆေးရုံတောင်တင်လိုက်ရတယ်လေ အခုတော့ သူလက်စားချေနိုင်ခဲ့ပြီ"

ရှဲ့မုံ့က ခဏတာ တိတ်ဆိတ်သွားပြီး : "သူ့ညီမလေးရော ဘယ်လိုနေလဲ?"

"အရမ်းကြီးတော့ မကောင်းဘူး"
ဟန်သုန်းက တီးတိုးပြောလာတယ် : "သူလည်းသိတယ် စိတ်ကိုလည်း အသင့်ပြင်ဆင်ထားပြီးသား ကျီချင်းရန်လည်းသိတယ်"

နှစ်ပေါင်းများစွာကြာသည့်တိုင်အောင်(ဆွေ့ယွဲ့ကျန်း)Where stories live. Discover now