အပိုင်း(၁)

10.2K 628 2
                                    

"ဗျို့ မမခင်"

"အလိုတော်...လန့်လိုက်တာ"

"မလန့်ပါနဲ့ဗျ"

"ကဲ..ပြော မိန်းမလှလေးတစ်ယောက်နဲ့တွေ့ပြန်ပြီလား မောင်ငယ်"

"ဟာဗျာ..မမခင်ကလည်း အကုန်သိနေတော့တာပါပဲလား"

"တွေ့လဲတွေ့နိုင်လွန်းပါရဲ့တော်"

"ဖြစ်ပုံကတော့ ဒီလို..."
~~~~~~~~~~~~~~~~~~~~~~~~~~~
ကျွန်တော့်နာမည်က"တိုးတက်မောင်"လို့ခေါ်သဗျ နာမည်နဲ့လိုက်အောင်လူကလည်းတိုးတက်လိုက်တာလွန်ပါရောဗျာ။ဆယ်တန်းသုံးခါကျလေ ဟဲ ဟဲ.. ကဲထားပါတော့။မနက်တုန်းကဗျာ...

"ဟဲ့ တိုးတက်မောင် အဲ့တာဘယ်သွားမလို့လဲ အိမ်အလုပ်လေးဘာလေးကူလုပ်မယ်မရှိဘူး မနက်စောစောစီးစီး စာလေးဘာလေးလုပ်မယ်မရှိဘူး ဒီနှစ်လဲဆယ်တန်းကျဦးမှာ ကျိန်းသေပါရဲ့ အံ့ဩပါရဲ့တော်..သားလေးတစ်ယောက်‌မွေးမိပါတယ်...ငါကိုကမှားတာပါအေ..."

အမေ့ရဲ့ဟောနေကြဓာတ်ပြား‌‌ေဟာင်းကြီးဟာသံသရာအဆက်ဆက်မပြီးမြောက်နိုင်ကြောင်းသိနေတာကြောင့် ကျွန်တော်စက်ဘီးကိုသာရှိုးထုတ်၍လိုရာခရီးကိုသွားပါတော့မည်။ ဤသည်က "မမခင်" ဆိုသည့် ကျွန်တော်၏အမတစ်ဝမ်း
ကွဲတော်စပ်သူ၏နေအိမ်သို့ပင်။

သို့ပေမဲ့လမ်းတွင်

"ဒုန်း"

"ကျွီ"

ကျွန်တော့်စက်ဘီးနှင့်တိုက်မိသွားသည့် မိန်းမပျိုလေးတစ်ဦး။ကျွန်တော်ငေးမော၍သာကြည့်နေမိသည်။သူမသည်သိပ်ကိုလှပသည်ဟုကျွန်တော်ကောက်ချက်ချလိုက်သည်။

ထိုစဉ် မိန်းမပျိုလေးတစ်ဦး၏စိတ်ထဲတွင်"အလို..စက်ဘီးနဲ့လည်းဝင်တိုက်သေးတယ် လူကိုလည်းလာမထူပေးဘူး ဘယ်လိုလူစားမျိုးပါလိမ့်"

"ဒီမှာ ဒီမှာ ရှင်ဘယ်လိုလူလဲ"

ကျွန်တော်ငေးမောကြည့်နေစဉ်အတွင်းမှာပဲ ထိုမိန်းမ‌လှလေးထံမှစကားလုံးလေးများကိုပုလဲလုံးလေးများနှင့်စီထားသကဲ့သို့ပင် ပျားရည်ကဲ့သို့အလွန်ချိုမြိန်လှသည့်သာယာနာပျော်အသံလေးထွက်ပေါ်လာတော့သည်။

ပန်းပန်လျက်(Complete)Where stories live. Discover now