အပိုင်း(၆)

3.9K 323 4
                                    

သည်လိုနှင့် ကျောင်းတော်ကြီးမှာပျော်ပျော်ရွှင်ရွှင်ချစ်ခင်ကြည်နူးစွာနဲ့အချိန်တွေကိုလေးယောက်သားတူတူဖြတ်သန်းလာတာ 5ပါတ်လောက်ရှိရောပေါ့လေ။

"ခင်ရေ ဒီဘက်အခန်းကိုလာခဲ့ပါဦး လက်ဖက်လေးသုပ်ထားလို့ နွယ့်ကိုပါခေါ်ခဲ့နော်"

"ဟုတ်ကဲ့ပါရှင် လာခဲ့ပါ့မယ်"

အခန်းတံခါးဝမှာ ခင့်ကိုတွေ့၍ခေါ်လိုက်ခြင်းသာ...

"နွယ်ရေ အစောတို့ကအခန်းဘက်ကိုကူးလာပါဦးတဲ့ လက်ဖက်သုပ်ထားတယ်တဲ့လေ"

"ဟုတ်သလား စားရချည်ရဲ့"

"ဟုတ်ပါသတဲ့ရှင်"

"သွားမယ် လာ လာ"

အဲ့သည်လိုနှင့်ဟိုဘက်အခန်းထဲဝယ်မိန်းမသားလေးယောက်ခေါင်းခြင်းဆိုင်၍လက်ဖက်သုပ်ပန်းကန်လေးကိုလုနေကြလေသည်။

"ဒါနဲ့ အိမ်ပြန်ရက်ရောက်တော့မှာဆိုတော့ခွဲခွာကြရဦးမယ်နော်"

"မခွဲခွာချင်ရင် စစ်ကိုင်းကိုလိုက်ခဲ့ကြလေ"

"တစ်ကယ်လိုက်လို့ရတယ်ပေါ့"

"ရတာပေါ့ ဘာလို့မရရမှာလဲ"

"ခေါ်တဲ့လူကခေါ်တော့လည်း လိုက်ရတာပေါ့လေ ဟင်းး ဟင်းး"

"လိုက်ပါရှင် လိုက်ပါ လိုက်ပါ"

"လောလောဆယ်တော့ အပြင်းပြေလမ်းလျှောက်ထွက်ရအောင် စားပြီးတော့ဗိုက်လေးတယ်ကွ"

"သွားမယ် သွားမယ်"

"အမလေး ကြည်ဖြူတို့များသိပ်မသွားချင်ရှာပါဘူးတက်ကြွနေပါရောပဲ"

"မဟုတ်ပါဘူးတော်...ခရေပွင့်သွားကောက်ချင်လို့ပါတော့်"

"သွားကောက်ကြမယ်လေ အဲ့တာဆို ပြီးမှလမ်းလျှောက်လိုက်ရလို့ဗိုက်ဆာတယ်မလုပ်ကြေး"

တစ်ယောက်နှင့်တစ်ယောက်စရယ်နောက်ရယ်နဲ့ပဲခရေပွင့်ကို‌အကြောင်းပြ၍ကျောင်းတော်ကြီးကိုလှည့်ပတ်ကြည့်ကြပါလိမ့်ဦးမည်။
~~~~~~~~~~~~~~~~~~
နောက်တစ်နေ့မနက်ကျောင်းခန်းထဲဝယ်...

"မဂ်လာပါခင်ဗျ ဒီကအမျိုးသမီးကကျွန်တော့်ကိုသိလားမသိပေမဲ့ ကျွန်တော်ကဒီကအမျိုးသမီးကိုရင်ထဲကနေကိုနှစ်နှစ်ကာကာသိနေပါတယ်"

ပန်းပန်လျက်(Complete)Where stories live. Discover now