အပိုင်း(၁၂)

3.1K 279 6
                                    

"ကျွန်တော် မစောကလျာကိုချစ်တယ်"

"ရှင်ကျွန်မကိုလာနောက်နေတာလား"

"ကျွန်တော် နောက်နေပါတယ်လို့ မစောစစ်ကလျာကထင်လို့လား"

"မသိဘူးလေကွယ်"

"ကျွန်တော် မစောစစ်ကလျာကိုတစ်ကယ်တန်ဖိုးထားပြီးချစ်ပေးမှာမို့လို့.."

"...."

"မစောစစ်ကလျာကကျွန်တော့်အချစ်ကိုလက်ခံပေးမယ်မဟုတ်လားဟင်"

"ဟင့်အင်း"

ကျွန်တော်အငြင်းခံရမယ်ဆိုတာကိုသိပေမဲ့အရဲစွန့်၍ပြောလိုက်မိခြင်းဖြစ်သည်။ကျွန်တော်ထင်ထားသလိုပင်ကျွန်တော်မြတ်နိုးပြီးချစ်ရသောမစောစစ်ကလျာသည်ကျွန်တော့်အချစ်ကိုငြင်းပယ်ခဲ့လေသည်။

"မစောစစ်ကလျာ သဘောအတိုင်းပါပဲ ကျွန်တော့်ခံစားချက်တွေရုတ်သိမ်းပေးပါ့မယ်"

"အင်း ရှင်စိတ်ကစားတာဖြစ်မှာပါ"

စိတ်ကစားတာဖြစ်မှာပါတဲ့လား။ကျွန်တော့်ခံစားချက်တွေဟာအဲ့သည်လောက်များတန်ဖိုးမဲ့ပါသလား မစောစစ်ကလျာ။ကျွန်တော်ဟာမစောစစ်ကလျာကိုအမှန်တစ်ကယ်ပင်မြတ်နိုးမိခြင်းဖြစ်ပါသည်။

"ပြန်ကြရအောင်လေ စောနကကိစ္စကိုမရှိခဲ့သလိုပဲ‌သဘောထားလိုက်ပါ့မယ်"

"ဟုတ်ကဲ့ပါ မစောစစ်ကလျာ"

သို့်သော်ရင်ထဲတွင်တော့ "ချစ်တယ်"ဟူသာစကားကိုတစ်ဖွဖွပြောနေမိလေသည်။

အိမ်သို့ပြန်ရောက်သောအခါ...

"အော် ပြန်လာကြသေးလားပဲ"

"ပြန်မလာလို့ဘာလုပ်နေရမှာလဲ"

"ဟဲ့ တိုးတက်မောင် စကားကိုဘယ်လိုပြောနေတာလဲ အဲ့တာမင်းထက်အကြီးတွေနော်"

"ဟုတ်ကဲ့ တောင်းပန်ပါတယ်"

"..."

အိမ်ရှိလူများအားလုံး၏အကြည့်တွေသည်သူနှင့်မစောစစ်ကလျာထံတွင်သာ။

"ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦးခင်ဗျ"

"အော် အေး အေး"

အိမ်ပြန်ရောက်တော့မျက်နှာမကောင်းကြတဲ့နှစ်ယောက်။ဘာဖြစ်ကြမှန်းတော့မသိ။ခက်ပါတယ်လေ။ထိုစဉ်မီးဖိုခန်းထဲမှပြေးထွက်လာသောအမေကြောင့်အတွေးများပျောက်ပျယ်သွားရသည်။

ပန်းပန်လျက်(Complete)Where stories live. Discover now