အပိုင်း(၁၄)

3.1K 255 7
                                    

"ကျောင်းဖွင့်ရက်တောင်နီးလာပြီ"

"ခင်တို့ရန်ကုန်ပြန်ရတော့မှာပဲ"

"မပြန်ချင်သေးဘူးခင်ရယ်"

"တူတူပါပဲ နွယ်ရယ်"

ဖိန်းနွဲ့ခါဆိုလျှင်ကျောင်းတော်ကြီးတောင်ပြန်ဖွင့်တော့မည်။စစ်ကိုင်းမြို့လေးမှထွက်ခွာ၍ရန်ကုန်မြို့သို့အရောက်လှမ်းရတော့မည်။စစ်ကိုင်းမြို့တွင်လည်းလည်ပတ်သင့်သလောက်လည်ပတ်ကြည့်ခဲ့ပြီးပြီ။ပြန်ချိန်သင့်ပြီထင်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~
တီ တီ တီ

"ဖြူရေထတော့ ထတော့ ရန်ကုန်ပြန်ရောက်ပြီ"

"သိပ သိပ ဒီလောက်ပူအိုက်နေတာနဲ့ပြန်ရောက်မှန်းသိနေပြီ"

"ကဲ ကဲ မြန်မြန်ပြန်ရအောင်အဆောင်ကို တော်ကြာနောက်ကျနေဦးမယ်"

သိပ်မကြာခင်အချိန်အတွင်းမှာပဲလွမ်းဆွတ်တမ်းတနေရသောကျောင်းတော်ကြီးသို့ရောက်ရှိခဲ့လေပြီဖြစ်သည်။ထို့နောက်အဆောင်သို့သာပြန်လည်ရောက်ရှိလာခဲ့ပြန်သည်။

"အော်...နွယ်တို့တောင်ပြန်ရောက်လာပြီလား"

အဆောင်တွင်ကျွန်မတို့နှင့်နည်းတူနေထိုင်သောမိန်းကလေးထံမှထွက်ပေါ်လာသောစကားသံပင်။

"ဟုတ်တယ် နွယ်တို့အခုပဲပြန်ရောက်တာ"

"ဟုတ်လား ဒါနဲ့နွယ့်ဆီကိုစာတစ်စောင်ရောက်လာသေးတယ်"

"..."

"ခဏလေးနော် သွားယူပေးမယ်"

စာရောက်လာသည်ဆိုသောကြောင့်ကြောင်မိသွားသည်။သို့ပေမဲ့စာပို့မည့်လူမှာမေမေလွဲ၍အခြားလူမရှိချေ။

"ဒီမှာ ဒီမှာ"

"ကျေးဇူးပါရှင်"

"ရပါတယ်ရှင် ဒါဆိုကျွန်မကိုသွားခွင့်ပြုပါဦးနော်"

"ဟုတ်ကဲ့ပါရှင့်"

အခန်းထဲရောက်မှစာကိုဖွင့်ဖောက်ကြည့်မိတော့ထင်ထားသည့်အတိုင်းမေမေ့ထံမှဖြစ်သည်။သို့သော် စာပါအကြောင်းအရာများကြောင့်ထိတ်လန့်မိသွားသည်။တစ်ခါမှမထင်မှတ်ဖူးသောအကြောင်းအရာများပါလေ။

ပန်းပန်လျက်(Complete)Where stories live. Discover now