ခင်နှင့်နွယ်အားသွားစရာရှိသည်ဟုပြော၍ထွက်လာခဲ့သည့်နေရာဟာဆိုရင်ဖြင့်အမျိုးသားတစ်ဦး၏ခေါ်ဆောင်ရာနေရာတစ်ခုပင်ဖြစ်ပေသည်။ထိုအမျိုးသားမှာတစ်ခြားသူတော့မဟုတ်ပေ။မိမိအားချစ်ရေးဆိုခဲ့ဖူးပါသောအမျိုးသားပင်ဖြစ်ပေသည်။မည်သူမည်ဝါဆိုသည်အားအထူးတစ်လည်ပြောပြရန်လည်းမလိုအပ်တော့ချေ။
"ရောက်လာပါပြီလား မစောစစ်ကလျာ ကျွန်တော်ကမလာလောက်ဘူးလို့တောင်ထင်နေတာဗျ"
"လူကြီးငုတ်တုတ်မြင်မှတော့ ရောက်လာလို့ပေါ့ရှင်"
"ဟုတ်ပါပြီဗျာ"
"ကဲ ဆိုစမ်းပါဦး စာတစ်တန်ပေတစ်တန်နဲ့ကြွရောက်ရန်ဖိတ်ကြားလွှာလေးရဲ့အကြောင်းအရင်းလေး"
"ဘာရယ်တော့မဟုတ်ပါဘူးဗျာ..."
"...."
"မစောစစ်ကလျာကိုလူချင်းသေချာတွေ့ပြီးမေးမြန်းစရာလေးရှိနေလို့ပါ"
အဆောင်ရှိရာနေရာသို့စာအိတ်နှင့်တစ်ကွ "မစောစစ်ကလျာ" ဟူသောနာမည်နှင့်ပင်ရောက်ရှိလာသည့်စာထဲမှ အင်းယားကန်ဘောင်ဘက်ကိုလာပေးနိုင်ပါရဲ့လားမစောစစ်ကလျာ။အရေးကြီးလို့ပါဟုဆို၍လာခဲ့သည်ကိုယခုတော့မေးစရာလေးရှိလို့တဲ့လား။
"မေး မေး"
"ရွှေစိတ်တော်လေးမညှိုးပါနဲ့ဦးဗျ"
"...."
"ကျွန်တော်လေ..မစောစစ်ကလျာမင်္ဂလာဆောင်တဲ့အခါသတို့သားနေရာကနေပါဝင်ချင်လို့ပါဗျ"
"ဘာ...ရှင် ရှင် ကျွန်မကစကားအကောင်းမှတ်လို့နားထောင်နေတာကို"
"ကျွန်တော်လည်းအကောင်းပြောတာပါပဲဗျာ"
ပထမအကြိမ်ဟာမြင်မြင်ခြင်းအချစ်ကြောင့်အချိန်များစွာစောင့်ဆိုင်းပြီးမှရေစက်လားဒါမှမဟုတ်ဖူးစာလားမသိနိုင်ပေမဲ့အခွင့်အရေးကိုအမိအရဖမ်းဆုပ်ပြီးချစ်ကြောင်းတွေမြတ်နိုးကြောင်းတွေကိုဖွင့်ဟပြောဆိုခဲ့ပေမဲ့ငြင်းပယ်ခြင်းကိုခံခဲ့ရတယ်။ဒုတိယအကြိမ်တစ်နည်းအားဖြင့်ယခုလက်ရှိအချိန်တွင်အားမွေး၍ရင်တွင်းခံစားချက်များအားဖွင့်ဟပြောဆိုသည်ကိုချစ်ရသူလေးမငြင်းပယ်စေရန်လက်ခံစေရန်ကြိုးစားပြီးတစ်သက်လုံးစာတာဝန်ယူပါပေမည်။
YOU ARE READING
ပန်းပန်လျက်(Complete)
General Fiction1980 ဝန်းကျင် ရန်ကုန်တက္ကသိုလ်ကျောင်းဝန်းကြီးထဲမှမိန်းမပျိုလေးနှစ်ဦး၏ချစ်ခြင်းကိုဖော်ကျူးပြသထားခြင်းဖြစ်ပါသည်။ Artist - Pann Eain 1980 ဝန်းကျင် ရန်ကုန်တက္ကသိုလ်ကျောင်းဝန်းကြီးထဲမှမိန်းမပျိုလေးနှစ်ဦး၏ချစ်ခြင်းကိုဖော်ကျူးပြသထားခြင်းဖြစ်ပါသည်။ Artist...