"နွယ်နဲ့ခင်အရင်ပြန်နှင့်ကြနော် အစောသွားစရာရှိလို့ ရတယ္မဟုတ္လား"
"ရပါ့ရှင် ရပါ့ ရပါ့"
"အဲ့လိုဆိုရင်တော့ အစောကိုသွားခွင့်ပြုပါဦးရှင်"
"ဟုတ်ပါပြီရှင် သွားခွင့်လည်းပြုပါတယ်ရှင်"
စောစစ်ကလျာဟူသောမိန်းမပျိုလေးစကားဆိုသောသွားစရာဆိုသည့်နေရာအားစဉ်းစားတွေးတောကြည့်စမ်းပါလိမ့်။အများသူငှာအတွက်တော့ဒီကောင်မလေးရိုးမှရိုးပါရဲ့လားပါပေါ့။အမှန်တစ်ကယ်ရောရိုးပါရဲ့လား။
"ကဲ ဒါဆိုတို့နှစ်ယောက်ပဲကျန်တော့တယ် လာ"
"အို...ဘယ်လိုဖြစ်လို့ လက်လာကိုင်ရတာပါလဲ မခင်ဝစ်ရှင်နရီ"
"အလိုတော်..ကိုယ်ပိုင်ဆိုင်တဲ့အမျိုးသမီးငယ်ရဲ့လက်ကိုမြတ်နိုးခြင်းအပြည့်နဲ့ကိုင်ဆောင်တာဟာအပြစ်မည်ပါသလား အမျိုးသမီးငယ်"
"ကဗျာတွေဆန်နေပါရောလားရှင်"
ရုတ်တရက် "လာ" ဟုစကားအစပြုကာမိမိ၏လက်ဖဝါးတစ်စုံအားထိထိမိမိကိုင်ဆောင်လိုက်သောချစ်ရသူကြောင့်ဘယ်ဘက်ရင်အုံတွင်တည်ရှိသောအကောင်ပေါက်လေးလှုပ်ရှားလာမှုကြောင့်ရင်ခုန်သံစည်းချက်များနှင့်အညီမေးခွန်းထုတ်မိလေတော့ပြန်လည်ချေပလာသောစကားများမှာမိမိအားအသက်ပင်ရှုဖို့မေ့လောက်သည်အထိချစ်ရသူမိန်းမပျိုကဆွဲဆောင်နိုင်လေသည်။ခေါ်ဆိုသွားသောအမည်နာမကြောင့်ရှက်သွေးလည်းဖြာရပါသေးသည်။ဘာတဲ့ 'ကိုယ်ပိုင်ဆိုင်တဲ့အမျိုးသမီးငယ်' တဲ့လေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အဆောင်သို့ပြန်လည်ရောက်ရှိသောအခါဝယ်....."အဟန့်.."
"အမိန့်ရှိပါ ခင့်ရဲ့အမျိုးသမီးငယ်"
"ခင်..ခင်နော်"
"ရှင် ရှင့်"
"ဟာ..ခင်နော် လူကိုလာပြီးတော့စနေတယ် အကျင့်ပုတ်မလေး ဟွန့်"
ကြမ်းခင်းပေါ်ထိုင်၍ဘင်ဂျိုအားအနည်းငယ်တီးခတ်ကြည့်နေသည်ကိုယောင်လည်လည်ဖြင့်စပ်စုစိန်လုပ်ချင်နေသောချစ်ရသူအားအနည်းငယ်စနောက်မိတော့ "အကျင့်ပုတ်မလေး" ဟူသောအမည်နာမတစ်ခုအားပိုင်ဆိုင်လိုက်ရသည့်အပြင် နှာတစ်ချက်ရှုံ့ကာတစ်ဖက်သို့လှည့်သွားသည်ကြောင့် ဆိုလိုသည့်သဘောကသူမစိတ်ဆိုးသွားပါသည်ပေါ့။ထိုသို့သောချစ်စဖွယ်အပြုအမူကြောင့်အသဲယား၍ရီမိလေတော့ရရှိသည်ကနဂါးတစ်ကောင်၏မျက်စောင်းနဲ့အလားတူပေမဲ့လည်းမတူကွဲပြားစွာချစ်ရသူ၏မျက်စောင်းဟာဆိုရင်ဖြင့်လှပသေသပ်စွာဖြင့်ရင်သပ်ရှုမောဖွယ်ပင်ဖြစ်လေသည်။
YOU ARE READING
ပန်းပန်လျက်(Complete)
General Fiction1980 ဝန်းကျင် ရန်ကုန်တက္ကသိုလ်ကျောင်းဝန်းကြီးထဲမှမိန်းမပျိုလေးနှစ်ဦး၏ချစ်ခြင်းကိုဖော်ကျူးပြသထားခြင်းဖြစ်ပါသည်။ Artist - Pann Eain 1980 ဝန်းကျင် ရန်ကုန်တက္ကသိုလ်ကျောင်းဝန်းကြီးထဲမှမိန်းမပျိုလေးနှစ်ဦး၏ချစ်ခြင်းကိုဖော်ကျူးပြသထားခြင်းဖြစ်ပါသည်။ Artist...