အပိုင်း(၉)

3.4K 296 0
                                    


ရန်ကုန်မြို့မှသည်စစ်ကိုင်းမြို့သို့...

"အမလေး တစ်လမ်းလုံးထိုင်လာရတာညောင်းလိုက်တာ အခုမှပဲလန်းဆန်းသွားတော့တယ်"

"ဟုတ်ပါ့ ဖြူရယ်တစ်ကိုယ်လုံးလည်းကိုင်ရိုက်ထားသလိုပါပဲ"

"ညည်းလှချည်လား..အစောတော့ဘာမှမဖြစ်ပေါင် လာလာ သွားကြမယ်"

"အမယ်...အစောကသွက်လှချည်လား စစ်ကိုင်းကိုရောက်ဖူးတဲ့လူကြနေရောပဲ"

"ဘာလို့မရောက်ဖူးရမှာလဲ အ‌ထင်သေးလိုက်တာနော်.."

"ရောက်ဖူးတယ်ပေါ့"

"ရန်ကုန်မလာခင်တစ်ရက်နှစ်ရက်လောက်ကစစ်ကိုင်းမှာ စစ်ကိုင်းကနေမှရန်ကုန်ကိုလာတာ"

"အမျိုးတွေရှိတယ်ဆိုပါတော့"

"ဟုတ်ပါ့ရှင် ဟုတ်ပါ့"

"အမယ်..ကျွန်တော်မျိုးမကိုတောင်မလိုတော့ဘူးထင်တယ်..."

"မဟုတ်ပါဘူး ခင်ရယ် လာ လာ သွားကြရအောင်"

"အရမ်းညောင်းညာကိုက်ခဲနေပြီ"

"ဟုတ်ပါပြီရှင်"

သည်လိုနှင့်ကားဂိတ်မှအိမ်လေးတစ်အိမ်သို့သွားရန်ပြင်နေသောမိန်းမပျိုလေး‌ဦးရှိလေသည်။
~~~~~~~~~~~~~~~~~~
အိမ်ရှေ့သို့ရောက်သောအခါ...

"အိမ်လေးကနေချင်စရာလေးခင်ရယ်"

"ဟုတ်ပါ့ ဟုတ်ပါ့"

"နေချင်တာမနေချင်တာနောက်ထား အထဲဝင်ကြရအောင်လေ"

"အမေရေ အမေ"

"ဟယ်...သမီးလေးပြန်လာပြီ"

ဝမ်းသာအားရဖြင့်အိမ်ရှေ့သို့ပြေးထွက်လာသောကျွန်မ၏မာတာမိခင်။

"သူငယ်ချင်းတွေလည်းပါလာတာလား လာ လာ သမီးတို့အထဲဝင်"

"ဟုတ်ကဲ့ အန်တီ"

"အမေ ဘာ‌ချက်လဲ"

"ကြက်သားဆီပြန်လေးနဲ့ငါးပိရည်တို့စရာတော့ရှိတယ် သမီးတို့စားဖို့အဆင်ပြေရဲ့လား"

"အဆင်ပြေတာမှလွန်ရောအန်တီရေ အိမ်ထမင်း အိမ်ဟင်း မစားရတာကြာပေါ့"

"သမီးကူလုပ်ပေးမယ်‌လေ အမေ"

"ရပါတယ်သမီးရယ် ဒါနဲ့သမီးတို့ဘယ်လိုအိပ်ကြမှာတုန်း အိမ်ကကျဉ်းကျဉ်းလေးရယ်.."

ပန်းပန်လျက်(Complete)Where stories live. Discover now