"အဲ့တာဆို ကျွန်တော့်ကိုသွားခွင့်ပြုပါဦး..""ကြွ ကြွ"
"နောက်မှထပ်ဆုံကြမယ်နော် အမိ"
နွယ့်ဘက်ကိုမျက်စပစ်၍နောက်တစ်ခါထပ်ဆုံကြမယ်ဟုပြောလိုက်သောစကားကြောင့်ဒေါသထောင်းခနဲထွက်သွားမိသည်
။နွယ့်အနားမှာထပ်မတွေ့ချင်ပါဘူးဆိုတာကိုနောက်တစ်ခါထပ်တွေ့မတဲ့လား။ခဏနေပါဦးငါကဘာလို့ဒီလောက်ထိစိတ်ထဲမတင်မကျဘာလို့များဖြစ်နေရသလဲ။ဟင့်အင်း မဖြစ်နိုင်လိုက်တာ။"ခင်ရေ ခင်"
"ရှင်"
"သွားကြရအောင်လေနော်"
"ဪ...အင်း အင်း"
"စိတ်နဲ့လူနဲ့မကပ်ဘူးလားခင်ရယ်"
"ကပ်ပါတယ် ဘာလို့လဲ"
"ဘာမှမဟုတ်တော့ပါဘူးလေ သွားကြမယ်နော်"
"ဟုတ်ကဲ့ပါရှင်"
သည်လိုနှင့်အဆောင်သို့ပြန်ရောက်ခဲ့လေသည်။
~~~~~~~~~~~~~~~~~~
မနက်ထဲကတွေးတောမိနေသည့်အတွေးများကိုဆက်လက်၍တွေးတောနေမိသည်မှာနှစ်ယောက်လုံးပင်
။ပြသနာတစ်ခုကြောင့်ဘာလို့လဲဆိုသည့်အတွေးပေါင်းများစွာထပ်နေလေချေပြီဖြစ်သည်။ငါ ငါ ခင့်အပေါ်...ဟာ...မဟုတ်လောက်ပါဘူးလေ သူငယ်ချင်း ဟုတ်တယ် သူငယ်ချင်းမို့လို့နေမှာပါ။
နွယ့်အပေါ်မှာငါဘာလို့အဲ့လိုတွေးမိနေတာလဲ နောက်ဆိုငါအနေအထိုင်ဆင်ခြင်ရမယ် ဟုတ်တယ် နွယ့်ဘက်ကဖြူစင်နေတဲ့စိတ်ကိုငါအရောင်ဆိုးမိသလိုဖြစ်သွားလိမ့်မယ်။
"ခင်ရေ"
"ရှင်"
"ဟိုဟာလေ.."
"အင်း ပြောလေ နွယ်"
"ဟိုဟာ...ခရေပန်းသွားကောက်ရအောင်လေနော်"
"ဪ အင်း အင်း သွားမယ်လေ"
ခရေပင်အောက်သို့ရောက်သောအခါ....
"နွယ် ဟိုအပွင့်လေးကောက် အဲ့တာလေးကဖြူတယ်"
"နွယ် ဟိုဟာလေးရောပဲ"
"နွယ်ရေ ဟိုနားလေးမှာ"
"နွယ်...."
........
YOU ARE READING
ပန်းပန်လျက်(Complete)
Fiction générale1980 ဝန်းကျင် ရန်ကုန်တက္ကသိုလ်ကျောင်းဝန်းကြီးထဲမှမိန်းမပျိုလေးနှစ်ဦး၏ချစ်ခြင်းကိုဖော်ကျူးပြသထားခြင်းဖြစ်ပါသည်။ Artist - Pann Eain 1980 ဝန်းကျင် ရန်ကုန်တက္ကသိုလ်ကျောင်းဝန်းကြီးထဲမှမိန်းမပျိုလေးနှစ်ဦး၏ချစ်ခြင်းကိုဖော်ကျူးပြသထားခြင်းဖြစ်ပါသည်။ Artist...